Monday 17 June 2013

သီလဝါ အများ ပိုင် ရှယ် ယာ ဇူလိုင် တွင် စရောင်း မည်

ကနဦး အများပိုင်ကုမ္ပဏီ ကိုးခုဖြင့် ဖွဲ့စည်းထားသော သီလဝါအများပိုင် ကုမ္ပဏီ ရှယ်ယာများကို ဇူလိုင်လ တွင် စတင်ရောင်းချ မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။ 

ယင်းအများပိုင် ကုမ္ပဏီ ၏ ရှယ်ယာဈေးနှုန်းကို အများပိုင်ကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းရှင်များသာမက အခြေခံလူတန်းစားများပါ ဝယ်ယူနိုင်ရန် ရှယ်ယာတစ်ခုလျှင် ကျပ် တစ်သောင်း သတ်မှတ်ထားကြောင်း ဦးဝင်းအောင်က ပြောဆိုသည်။ ကနဦးအများပိုင်ကုမ္ပဏီကိုးခုမှာ လုပ်ငန်းစတင်သူများ (Promoter) ဖြစ်သော်လည်း နောက်ပိုင်းတွင် ပါဝင်လာမည့် ရှယ်ယာရှင်များထက် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့် ပိုမိုရရှိမည် မဟုတ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

သီလဝါ အများပိုင်ကုမ္ပဏီ ရှယ်ယာများကို ဇူလိုင်လအတွင်း စတင်ရောင်းချပြီး နောက်ထပ် ပါဝင်လာမည့် ရှယ်ယာရှင်များနှင့်အတူ ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာရှင် မဟုတ်သော ပြင်ပပညာ ရှင်များလည်း ဒါရိုက်တာအဖွဲ့တွင် ပါဝင်နိုင်ကြောင်း ဦးဆက်အောင်ကဆိုသည်။ သီလဝါ အထူးစီးပွားရေး ဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှု လက်မှတ်ရေး ထိုးထားသည် မှာ ၂၀၁၂ ခုနှစ် ဧပြီလကဖြစ်ပြီး တစ်နှစ်ကျော်ကြာပြီးနောက် မေလ ၂၅ ရက်နေ့က ယင်း စီမံကိန်း ကို အကောင်အထည်ဖော်မည့် နှစ်နိုင်ငံ ပုဂ္ဂလိကကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြ သည် ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ်The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment