Monday 17 June 2013

ရွှေရတု မြန်မာ့ ကျောက် မျက် ရတနာ ပြပွဲ ဒုတိ ယနေ့ ကျင်းပ Written by စကားဝါ

ရွှေရတု မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဒုတိယနေ့ ကျင်းပ
မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီက ကြီးမှူး ကျင်းပ သည့် ရွှေရတု မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဒုတိယ နေ့ကို နေပြည်တော် ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့ နံနက် ပိုင်း မှ စတင်၍ ဆက်လက် ကျင်းပသည်။

ပြည်တွင်းပြည်ပ ရတနာ ကုန်သည် များသည် မဏိ ရတနာ ကျောက်စိမ်း ခန်းမရှေ့ ဥပစာနှင့် ကျောက်စိမ်း ခန်းမ ပရိဝုဏ် ဘေးဝဲယာ နှစ်ဖက်တို့တွင် တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့် ရောင်းချရန် သတ်မှတ် ဧရိယာအလိုက် ခင်းကျင်း ပြသ ထားသော ကျောက်စိမ်း အတွဲများအား ကြည့်ရှု လေ့လာကြကာ ဝယ်ယူလိုသည့် ကျောက်စိမ်း အတွဲများကို အမှတ် အသား ပြုကြသည်။

အလားတူ မဏိရတနာ ကျောက်စိမ်းခန်းမ အပေါ်ထပ် ရတနာဈေးတွင် ခင်းကျင်း ပြသထားသော ကျောက် မျက် အတွဲများ ရောင်းချရာ ခန်းမများ၌လည်း ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များ စိတ်ဝင်တစား ကြည့်ရ လေ့လာ၍ ဝယ်ယူရန် မှတ်သား နေကြသည်ကို တွေ့မြင်ရသည်။

ကျောက်စိမ်းခန်းမအတွင်း လက်ဝတ်ရတနာ ဖက်ရှင်ရှိုးပွဲကို ဒုတိယ နေ့အဖြစ် ဆက်လက် တင်ဆက် ပြသ လျက် ရှိရာ ခေတ်မီ ဆန်းသစ်လှပသော ကျောက်မျက်ရတနာ လက်ဝတ် တန်ဆာများ ကို မြန်မာဆန် သည့် ရိုးရာ အလှဝတ်စုံများ၊ ပုသိမ်ထီး ရောင်စုံများဖြင့် လှပျိုဖြူ လေးများက တွဲဖက် ပေါင်းစပ်ပြသ ကြသည်။

ကျောက်မျက် လက်ဝတ် ရတနာများ ပေါင်းစပ်ယှဉ်တွဲ ပြသမှုကို အလွန်အမင်း သဘောကျ နှစ်ခြိုက် ကြသူ ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များက မှတ်တမ်းတင် ဗီဒီယိုများ၊ ဓာတ်ပုံများ ရိုက်ကူးခြင်းတို့ ပြု လုပ် နေကြသည်ကိုလည်း မြင်တွေ့ ရသည်။

ကျောက်စိမ်း ခန်းမ အောက်ထပ်တွင် ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များ ခင်းကျင်း ပြသ ရောင်းချလျက်ရှိရာ စိတ်ဝင်တစား ကြည့်ရှု လေ့လာသူ၊ ဝယ်ယူအားပေးသူ ပရိသတ် များဖြင့် စည် ကား လျက် ရှိသည်။

မြန်မာ့ ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်)တွင် ပုလဲအတွဲ ၇၈ တွဲကို နံနက်ပိုင်းတွင် တင်ဒါ စနစ်ဖြင့် ရောင်းချရာ ၇၆ တွဲ အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီး ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယားနှင့် ဟောင်ကောင် နိုင်ငံ များရှိ ကုမ္ပဏီ ၁၇ ခုတို့မှ ရတနာ ကုန်သည်များက စိတ်ဝင်တစား လေ့လာ ဝယ်ယူ ကြသည်ဟု သိရသည်။

ကျန်ရှိ နေသည့် ပုလဲ အတွဲများကို ဇွန် ၁၇ ရက်မှ စတင်ကာ ဈေးပြိုင် စနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း၊ ကျောက် စိမ်းနှင့် ကျောက်မျက် အတွဲများကို ဇွန် ၁၈ ရက်မှ စတင်ကာ တင်ဒါစနစ်၊ ဈေးပြိုင် စနစ်တို့ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။
Myawady

No comments:

Post a Comment