Monday 17 June 2013

စက်မှုဇုန်ရှိ အလုပ်သမားများ အနေဖြင့် သွေးထိုးလှုံ့ဆော်မှုများနှင့် ပယောဂများအား သတိရှိရန် လူမှုဖူလုံရေးအဖွဲ့ ဒုဝန်ကြီးပြောကြား

လူမှုဖူလုံရေးအဖွဲ့ ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဇွန် ၁၅ ရက်က လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံလေးရုံအား သွားရောက်ကြည့်ရှုရာ အလုပ်သမားများအား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော သွေးထိုး လှုံ့ဆော်မှုများနှင့် ပယောဂများအား သတိရှိရန်နှင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လူမှုဖူလုံရေးအဖွဲ့ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် စက်ရုံအလုပ်ရုံတို့တွင် တွေ့ကြုံနေရသော အခက်အခဲများ၊ အလုပ်ရှင်နှင့် အလုပ် သမားကြား အပြန်အလှန် အကျိုးဆောင်ရွက် ပေးမှုများသည် ပွင့်လင်းမြင်သာရန် လိုအပ်နေခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး ကောင်းမွန်မှသာ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ် လုပ်မှု တိုးတက်ရန်၊ အလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်နိုင်ရန် အာမခံ ထားရှိပေး ရန်နှင့် အာမခံကဒ်ပြားများ ရရှိရန်၊ လုပ်ငန်းခွင် ကျွမ်းကျင်စွာဖြင့် မိမိတို့၏ ဘ၀များကို မြှင့်တင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော သွေးထိုးလှုံ့ဆော်မှုများနှင့် ပယောဂများအား သတိရှိရန်နှင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အလုပ်သမားများအား ပြောကြားခဲ့သည်။

တွေ့ဆုံခဲ့သော စက်ရုံများမှာ Hall Mark အထည်ချုပ်စက်ရုံ၊ ရွှေရွက်လှေ အထည်ချုပ်စက်ရုံ၊ Nadia Pacific Apparel အထည်ချုပ် စက်ရုံနှင့် မြန်မာဆန်နီ ရှူးဖိနပ် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment