Sunday 28 April 2013

ရုရှားနို င်ငံ၏ တာတိုပစ် လေကြော င်းရန် ကာကွယ်ရေး စနစ်သစ် ၂ဝ၁၅ ခုနှစ်တွင် တပ်ဆင် သွားမည်

 ရုရှားနိုင်ငံ၏ တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ် ၂ဝ၁၅ ခုနှစ်တွင် တပ်ဆင် သွားမည်

ရုရှားစစ်ဘက် အနေဖြင့် Morfey တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား ၂ဝ၁၅ ခုနှစ် တွင် စတင် တပ်ဆင်သွားမည် ဖြစ်ကြောင်း
ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဝါရင့် ဗိုလ်ချုပ်ကြီး အိုလဂ်အိုစတာပန်ကိုက ထုတ်ဖော် ပြောကြားခဲ့သည်။ ရုရှား နိုင်ငံ အနေဖြင့် အကွာအဝေး ၅ ကီလိုမီတာ (၃)မိုင်အထိ ပစ်ခတ်နိုင်သော ရွေ့လျား လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂ဝဝ၇ ခုနှစ်တွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ရုရှား စစ်ဘက်တွင် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်၏ ပထမဆုံး စနစ်ကို ၂ဝ၁၅ ခုနှစ်အတွင်း တပ်ဆင် အသုံးပြုဖွယ် ရှိကြောင်း ရုရှား လေကြောင်းနှင့်  အာကာသ နည်းပညာ တပ်ဖွဲ့ တပ်မှူးဟောင်း ဖြစ်သူ အိုစတာပန်ကိုက ပြောကြားခဲ့သည်။

အကွာအဝေး ၅ ကီလိုမီတာမှ ၄ဝဝ ကီလိုမီတာအထိ ဝေဟင် ပိုင်နက်အား ကာကွယ်နိုင်ရန် အတွက် Morfey  လေကြောင်းရန် ကာကွယ်ရေး စနစ်အား it-yaz S-400 နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်တို့နှင့် အတူ ပူးတွဲ အသုံးပြု သွားမည် ဖြစ်ပြီး S-300PS လေကြောင်းရန် ကာကွယ်ရေး စနစ်နေရာတွင် အစားထိုး အသုံးပြုသွားမည့် Vit-yaz  တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်အား တိုးတက် ထုတ်လုပ်လျက် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/12321-2013-04-27-09-48-36
ရုရှားစစ်ဘက် အနေဖြင့် Morfey တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား ၂ဝ၁၅ ခုနှစ် တွင် စတင် တပ်ဆင်သွားမည် ဖြစ်ကြောင်းရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဝါရင့် ဗိုလ်ချုပ်ကြီး အိုလဂ်အိုစတာပန်ကိုက ထုတ်ဖော် ပြောကြားခဲ့သည်။ 
ရုရှား နိုင်ငံ အနေဖြင့် အကွာအဝေး ၅ ကီလိုမီတာ (၃)မိုင်အထိ ပစ်ခတ်နိုင်သော ရွေ့လျား လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂ဝဝ၇ ခုနှစ်တွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ရုရှား စစ်ဘက်တွင် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်၏ ပထမဆုံး စနစ်ကို ၂ဝ၁၅ ခုနှစ်အတွင်း တပ်ဆင် အသုံးပြုဖွယ် ရှိကြောင်း ရုရှား လေကြောင်းနှင့် အာကာသ နည်းပညာ တပ်ဖွဲ့ တပ်မှူးဟောင်း ဖြစ်သူ အိုစတာပန်ကိုက ပြောကြားခဲ့သည်။

အကွာအဝေး ၅ ကီလိုမီတာမှ ၄ဝဝ ကီလိုမီတာအထိ ဝေဟင် ပိုင်နက်အား ကာကွယ်နိုင်ရန် အတွက် Morfey လေကြောင်းရန် ကာကွယ်ရေး စနစ်အား it-yaz S-400 နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်တို့နှင့် အတူ ပူးတွဲ အသုံးပြု သွားမည် ဖြစ်ပြီး S-300PS လေကြောင်းရန် ကာကွယ်ရေး စနစ်နေရာတွင် အစားထိုး အသုံးပြုသွားမည့် Vit-yaz တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်အား တိုးတက် ထုတ်လုပ်လျက် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်

No comments:

Post a Comment