Sunday 28 April 2013

ရုရှားစိတ်ကျန်းမာရေး ဆေးရုံမီးလောင်ကျွမ်းမှုကြောင့် လူ(၃၆)ဦးသေဆုံး…

ရုရှားနိုင်ငံ ၊မော်စကိုမြို့မြောက်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၃၆)ဦးသေဆုံးခဲ့ကြောင်း မီဒီယာကထုတ်ပြန်ကြေညာသည်။
မီးလောင်ကျွမ်းနေစဉ် အဆောက်အဦးထဲတွင် လူနာ(၃၈)ဦးနှင့် ဆေးရုံ ၀န်ထမ်း (၃)ဦး စုစုပေါင်း လူ (၄၁)ဦးရှိနေခဲ့ပြီး လူနာများ၏ဆေးလိပ်မီးကြောင့် (သို့မဟုတ်) လျှပ်စစ်ချို့ယွင်းမှုကြောင့် မနက်(၂)နာရီ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။ အဆောက်အဦးထဲ မှသေဆုံးသူလူ(၃၆)ဦးကို ဆွဲထုတ်ခဲ့ရပြီး ဥပဒေအရစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ရင်ခွဲရုံကို ပို့ထားလိုက်ပြီဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောခွင့်ရှိသူက ပြောကြားကြောင်းရိုက်တာ သတင်းဌာ က တင်ပြသွားသည်။

From : SkyNet TV Browser

No comments:

Post a Comment