Sunday 28 April 2013

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား

Photo: ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား
Sunday, April 28, 2013

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့်ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။

ဧပြီလ ၂၄ရက်နေ့က ထိုင်ဝမ်ရှိ အမျိုးသားတစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ က ယခုကဲ့သို့ဆောင်ရွက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်၌ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိခြင်းမှာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးတွေ့ရှိခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧပြီလ ၂၅ရက်နေ့အထိ လူပေါင်း ၁၀၉ဦး ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိရပြီး ၂၂ဦးမှာ အဆိုပါရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါရှိသူ မတွေ့ရှိသေးသော်လည်း ကြိုတင်ကာကွယ် နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး Pradit Sintawanarong က ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားသည်။

အာရှနိုင်ငံများကလည်း ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ နိုးကြား လျက်ရှိကာ ပြန့်နှံ့မှုမရှိ စေရေးအတွက် ကြိုတင်သတိပေးမှုများ ဆောင်ရွက် ထားကြသည်ဟုလည်း ၎င်းက ဆိုသည်။

Source: ဗန်ကောက်ပို့စ်
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့် ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။ပြီလ ၂၄ရက်နေ့က ထိုင်ဝမ်ရှိ အမျိုးသားတစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ က ယခုကဲ့သို့ဆောင်ရွက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်၌ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိခြင်းမှာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးတွေ့ရှိခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧပြီလ ၂၅ရက်နေ့အထိ လူပေါင်း ၁၀၉ဦး ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိရပြီး ၂၂ဦးမှာ အဆိုပါရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါရှိသူ မတွေ့ရှိသေးသော်လည်း ကြိုတင် ကာကွယ် နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး Pradit Sintawanarong က ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားသည်။

အာရှနိုင်ငံများကလည်း ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ နိုးကြား လျက်ရှိကာ ပြန့်နှံ့မှုမရှိ စေရေး အတွက် ကြိုတင်သတိပေးမှုများ ဆောင်ရွက် ထားကြသည်ဟုလည်း ၎င်းက ဆိုသည်။

Source: ဗန်ကောက်ပို့စ်

No comments:

Post a Comment