Sunday 28 April 2013

ထိုင်း-မြန်မာနယ်စပ်ငှက်ဖျားထိန်းချုပ်ကာကွယ်ရေးအတွက် USAID ကကူညီပေးမည်..

Photo: ထိုင်း-မြန်မာနယ်စပ်ငှက်ဖျားထိန်းချုပ်ကာကွယ်ရေးအတွက် USAID
ကကူညီပေးမည်..
Sunday, April 28, 2013

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တာချီလိတ်-မယ်ဆိုင်ကစပြီးကော့သောင်း
-ရနောင်းအထိငှက်ဖျားရောဂါတိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး အတွက်
USAID ကငွေကြေးထောက်ပံ့ကူညီပေးမည် ဖြစ်ပြီးထိုင်းနှင့် မြန်မာနိုင်ငံမှ
ကျန်းမာရေးတာဝန်ရှိသူများကအကောင်အထည်ဖော် ဆောင်ရွက်မည်
ဖြစ်ကြောင်း သိရသည်။ 

၎င်းထိုင်း-မြန်မာနိုင်ငံနယ်စပ်တွင် ငှက်ဖျား
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအစီအစဉ်ဖြစ်သည့် Malaria
Prevention and Control in Myanmar-Thailand Border ကိုထိုင်း-မြန်မာ
နှင့် အမေရိကန် USAID တို့ဗန်ကောက်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
လက်မှတ်ရေးထိုးမည် ဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားဗန်ကောက်
အခြေစိုက်သံအမတ်ကြီးဦးတင်ဝင်းက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း
သိရသည်။

အဆိုပါ ငှက်ဖျားရောဂါတိုက်ဖျက်ရေး(၂)နှစ်စီမံကိန်းလုပ်ဆောင်
ရန်အတွက် အမေရိကန်ဒေါ်လာတစ်သန်းကို USAID က ထောက်ပံ့ပေး
မည် ဖြစ်ပြီး နယ်စပ်ရှိမြို့၊ရွာများတွင် ကျန်းမာရေးနှင့် ပတ်သက်သည့်
ကာကွယ်စောင့်ရှောက်မှုများကိုအဓိက ထားဆောင်ရွက်သွားမည် ဖြစ်ပါ
သည်။ထို့အပြင်(၂)နိုင်ငံနယ်စပ်မြို့များတွင် ရုံးဖွင့်ပြီးပူးတွဲလုပ်ဆောင်
သွားမည် ဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် လည်းငှက်ဖျားရောဂါကုသရေး
ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ
သိရသည်။

SkyNet TV Browser

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တာချီလိတ်-မယ်ဆိုင်ကစပြီးကော့သောင်း-ရနောင်းအထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး အတွက် USAID ကငွေကြေးထောက်ပံ့ ကူညီပေးမည် ဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများကအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ၄င်းထိုင်း-မြန်မာနိုင်ငံနယ်စပ်တွင် ငှက်ဖျား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအစီအစဉ်ဖြစ်သည့် Malaria Prevention and Control in Myanmar-Thailand Border ကိုထိုင်း-မြန်မာနှင့် အမေရိကန် USAID တို့ဗန်ကောက်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးမည် ဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားဗန်ကောက် အခြေစိုက်သံအမတ်ကြီးဦးတင်ဝင်းက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငှက်ဖျားရောဂါတိုက်ဖျက်ရေး(၂)နှစ်စီမံကိန်းလုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းကို USAID က ထောက်ပံ့ပေးမည် ဖြစ်ပြီး နယ်စပ်ရှိမြို့၊ရွာများတွင် ကျန်းမာရေးနှင့် ပတ်သက် သည့် ကာကွယ်စောင့်ရှောက်မှုများကိုအဓိက ထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင်(၂)နိုင်ငံ နယ်စပ်မြို့များတွင် ရုံးဖွင့်ပြီးပူးတွဲလုပ်ဆောင်သွားမည် ဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် လည်းငှက်ဖျားရောဂါ ကုသရေး ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

SkyNet TV Browser

No comments:

Post a Comment