Sunday 28 April 2013

ကလေးမြို့တွင် ILO အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်


Photo: ကလေးမြိုတွင် ILO အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Sunday, April 28, 2013

ကမ္ဘာ့အလုပ်သမားများအဖွဲ့ (ILO) သည် ဧပြီ (၂၇-၂၈) ရက်နေ့များတွင်
ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ မင်္ဂလာဥယျာဉ် စာသင်တိုက်တွင် ILO
workshop သင်တန်းငယ်တစ်ခုကို ပြုလုပ်ခဲ့သည်။

အဆိုပါ ILO workshop အားယခင်က နယ်များမှတဆင့် ရန်ကုန်သို့ သွားရောက် သင်တန်းတက်ကြရပြီး ယခုအခါ
ရန်ကုန်တွင် သင်ကြားပေးခြင်း မလုပ်တော့ပဲ ရန်ကုန်မှ
နယ်မြို့များသို့ဆင်းကာ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်ကို နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ သင်ကြားပြီး
အဓိကအကြောင်းအရာများအဖြစ် ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေး
ခိုင်းစေမှုများအကြောင်းကို ဆွေးနွေးကြသည်။

ILO ၏ ကလေးမြို့ ခရီးစဉ်သင်တန်းတွင် ဒေါ်အောင်ဆုရည်၊ ဒေါ်ဆိုက်ဥာဏ်နှင့် ဦးဖြိုးစည်သူတို့ကိုယ်တိုင် သင်ကြားဆွေးနွေးပေးခဲ့ကြသည်။ ၄င်း သင်တန်းသို့ ကလေးမြို့မှ
လူဦးရေ (၉၀) ကျော် တက်ရောက်ခဲ့ကြသည်။ ILO သည် မြန်မာနိုင်ငံရှိ
နယ်မြို့များသို့ လှည်လည် သင်တန်းများ ပို့ချပေးခဲ့ပြီး ကလေးမြို့တွင်
ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အချိန် အနည်းငယ်
နောက်ကျနေပြီဖြစ်ကြောင်း ကိုဖြိုးစည်သူမှ ပြောသည်။

ချစ်သူမောင်
Popular Myanmar News Journal
ကမ္ဘာ့အလုပ်သမားများအဖွဲ့ (ILO) သည် ဧပြီ (၂၇-၂၈) ရက်နေ့များတွင် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ မင်္ဂလာဥယျာဉ် စာသင်တိုက်တွင် ILO workshop သင်တန်းငယ်တစ်ခုကို ပြုလုပ်ခဲ့သည်။
အဆိုပါ ILO workshop အားယခင်က နယ်များမှတဆင့် ရန်ကုန်သို့ သွားရောက် သင်တန်းတက်ကြရပြီး ယခုအခါ ရန်ကုန်တွင် သင်ကြားပေးခြင်း မလုပ်တော့ပဲ ရန်ကုန်မှနယ်မြို့များသို့ဆင်းကာ ပြု လုပ် ပေး ဖြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်ကို နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ သင်ကြားပြီး အဓိကအကြောင်းအရာများအဖြစ် ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများအကြောင်းကို ဆွေးနွေးကြသည်။

ILO ၏ ကလေးမြို့ ခရီးစဉ်သင်တန်းတွင် ဒေါ်အောင်ဆုရည်၊ ဒေါ်ဆိုက်ဥာဏ်နှင့် ဦးဖြိုးစည်သူတို့ ကိုယ်တိုင် သင်ကြားဆွေးနွေးပေးခဲ့ကြသည်။ ၄င်း သင်တန်းသို့ ကလေးမြို့မှ လူဦးရေ (၉၀) ကျော် တက်ရောက်ခဲ့ကြသည်။ ILO သည် မြန်မာနိုင်ငံရှိ နယ်မြို့များသို့ လှည်လည် သင်တန်းများ ပို့ချပေးခဲ့ပြီး ကလေးမြို့တွင် ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အချိန် အနည်းငယ် နောက် ကျနေပြီ ဖြစ်ကြောင်း ကိုဖြိုးစည်သူမှ ပြောသည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment