ယနေ့မွန်းလွဲ ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ
ထွက်ခွါလာသောကားတင် သင်္ဘော နှင့်
မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး
ဆီတင်သင်္ဘောနစ်မြုပ်ခဲ့ သည်။M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ
ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော
မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့်
တိုက်မိပြီး ရန်ကုန်မြစ်အတွင်း
သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။
မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်းစီစဉ်သူ တစ်ဦး ကပြောသည်။
Yangon Press International

No comments:
Post a Comment