Sunday 28 April 2013

ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

Photo: ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

ဧပြီလ ၂၈ ရက် ၂၀၁၃

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်း .နေသော အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ရေးအတွက် ကန် .ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများ ဖွံ့ဖြိုးရေး အစီအစဉ် ၏၂၀၁၃ -၂ဝ၁၅ ခုနှစ် သုံးနှစ်တာလုပ်ငန်းစဉ် အတွက် သုံးစွဲသွားမည်ဖြစ် .ကြောင်း ၄င်းက ဆိုသည်။

ကန်ဒေါ်လာ သန်း၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားကြောင်း ဦးညီညီအောင်က ပြောသည်။

အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းကျရေး အတွက် နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းများ၊ ဝန်ထမ်းရွေးချယ်ရေး သင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေးကောင်းမွန်ရေး အတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း အကောင် အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့် လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

"အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော် ကိုယ်စား လှယ် အရည်အချင်း မြှင့်တင်ရေးသင်တန်းတွေ လုပ်တယ်။ လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။

ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

The voice
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်းနေသောအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။ ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများဖွံ့ဖြိုးရေးအစီအစဉ်၏၂၀၁၃-၂ဝ၁၅ ခုနှစ် သုံးနှစ်တာ လုပ်ငန်းစဉ်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ကန်ဒေါ်လာ သန်း၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရအုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီ ဥတုပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားကြောင်း ဦးညီညီအောင်က ပြောသည်။

အစိုးရအုပ်ချုပ်ရေးယန္တရား ဒီမိုကရက်တစ်နည်းလမ်းကျရေးအတွက်  နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့်သင်တန်း များ၊ ဝန်ထမ်းရွေးချယ်ရေးသင်တန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြုလုပ် သွား မည်ဖြစ်ကြောင်း၊ ဒေသန္တရအစိုးရ အုပ်ချုပ်ရေးကောင်းမွန်ရေးအတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်း များနှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့်လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

"အကောင်အထည်ဖော်တဲ့အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မြှင့်တင်ရေး သင်တန်းတွေ လုပ်တယ်။ လွှတ်တော်စာကြည့်တိုက်အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။

ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့ တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

The voice

No comments:

Post a Comment