Sunday 28 April 2013

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

Photo: အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

28.4.2013

ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး
ရောက်လာသည်။

ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး
ဖြစ်လေ၏။ မဲပေါက်သူတချို့ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေ
သည်။

"ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်...
သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်...၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊
ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန်လည်ရောင်း ချပေးပါတယ်" ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်း
လများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြောဆိုသည်။
မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာတန်ဘိုးကြီးမားသည့် မော်တော်
ယာဉ်များဖြင့် ရောက်လာကြသည်ကို တွေ့ရကြောင်း၊တတ်နိုင်သူတို့က
ဝင်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏အခွင့်အရေးဖြစ်သော်
လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။
ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်း
အ၀ယ်ဖြစ်နေကြောင်းကို သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာ
များတွင်လည်း ဖော်ပြထားကြသည်။

irrawaddy

ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး ရောက်လာသည်။ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး ဖြစ်လေ၏။ မဲပေါက်သူတချို့ထံမှ လာသည်ဟုယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေ သည်။

"ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်...
သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်...၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊ ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန်လည်ရောင်း ချပေးပါတယ်" ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင် တို့က ပြောဆိုသည်။ 

မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာတန်ဘိုးကြီးမားသည့် မော်တော်ယာဉ်များဖြင့် ရောက်လာကြသည်
ကို တွေ့ရကြောင်း၊တတ်နိုင်သူတို့က ၀င်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏ အခွင့် အရေးဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။

ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်းကို သတင်း ဂျာနယ် များ၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ဖော်ပြထားကြသည်။

irrawaddy

No comments:

Post a Comment