Saturday 12 January 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် Viettle Group ဒုတိယ ဥက္ကဋ္ဌတို့ ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ  ၁၁ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနာယက ဒေါ် ခင်ခင်ဝင်းသည်  ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံ အမတ်ကြီး  မစ္စတာ ချူကွန်ဖွန်းနှင့် ဗီယက်နမ်ဆိုရှယ် လစ် သမ္မတနိုင်ငံ Viettle  Group ဒုတိယဥက္ကဋ္ဌ မစ္စ တာငူယင်မန်ဟန်းတို့ ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင်  နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် အတူ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်နှင့် အတွင်းရေး မှူး ဒေါ်သဇင်နွယ်တို့ တက်ရောက် ကြသည်။
ယင်းသို့ တွေ့ဆုံစဉ်  ဗီယက်နမ်ဆို ရှယ်လစ် သမ္မတ နိုင်ငံ Viettle  Group ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ငူယင်မန်ဟန်းက ဆွေးနွေးတင်ပြရာ၌  Viettle  Group ကုမ္ပဏီအနေဖြင့်  မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာ ကျောင်းများတွင် အသုံးပြုသင်ကြားနိုင်ရေးအတွက် ကွန်ပျူတာအလုံး ၅ဝဝ ကိုလည်း လှူဒါန်းလိုကြောင်း၊ မြန်မာနိုင်ငံပညာရေးကဏ္ဍတွင် ၄င်းတို့မှပါဝင်အကူ အညီ ပေးလိုကြောင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ဆောင်ရွက်မှုလုပ်ငန်း ကဏ္ဍများ တွင်အသုံးပြုနိုင်ရန်အတွက် အမေရိကန် ဒေါ်လာတစ်သိန်းလှူဒါန်းလိုကြောင်းနှင့် ၄င်းတို့ နိုင်ငံတွင် လက်ရှိအခြေခံ ပညာရေးကဏ္ဍ၌ ကုမ္ပဏီမှကူညီဆောင် ရွက်နေမှုများကို  ရှင်းလင်း ဆွေးနွေးသည်။
နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ခင်ခင်ဝင်းက ပြန်လည်ဆွးနွေးရာတွင် Viettle  Group ကုမ္ပဏီ မှ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီး မြှုပ်နှံလိုမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ ဆောင်ရွက် နိုင်ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးကဏ္ဍအတွက် ကွန်ပျူတာများ လှူဒါန်းပေးခြင်းနှင့် ဆက်လက်ကူညီ ပေးသွားမည့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှုကိစ္စရပ်များ အတွက် လည်း ကျေးဇူးတင် ရှိပါကြောင်း ၊ အလားတူ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏  ဆောင်ရွက်မှုလုပ်ငန်း ကဏ္ဍများတွင်  အသုံးပြုရန်အမေရိကန် ဒေါ်လာတစ်သိန်း လှူဒါန်းခြင်းကို လည်း ကျေးဇူးတင် ရှိပါကြောင်း ၊ မြန်မာနိုင်ငံ  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အနေဖြင့် အဆိုပါလှူဒါန်းငွေကို ပညာရေး ကဏ္ဍ၌သာ အသုံးပြုသွားမည် ဖြစ်ပါကြောင်းနှင့် အသင်း၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် ပါဝင်ကူညီ ဆောင်ရွက် နေမှုများကို ရှင်းလင်း ပြောကြားသည်။  
From....မြ၀တ

No comments:

Post a Comment