ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရ
များပေါ်ရှိ သတင်းဖော်ပြချက်များမှာ လွဲမှားမှုများရှိနေကြောင်း ကာယ
ကံရှင်အမျိုးသမီး ငယ်၏ မိသားစုများထံမှ ကြားသိရသည်။
၎င်းတို့အနေဖြင့် သားရေးသမီးရေး ဆွေးနွေးမှုများ မရှိကြောင်း၊ ရည်ငံနေကြသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ အဆိုပါ ကိစ္စအား တရားဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း အမျိုးသမီးငယ်၏ ဦးလေးထံက သိရသည်။
“အမှုကို ကျေအေးပေးမယ်တို့၊ သူတို့ကို ပေးစားမယ်တို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပြီးတော့ သူ တို့ နှစ်ယောက်က ရည်းစားတွေလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ တရားဥပဒေအတိုင်းပဲ ဆက် လက် လုပ်ဆောင်သွားမှာပါ။” ဟု ကာယကံရှင်အမျိုးသမီးငယ်၏ ဦးလေးဖြစ်သူမှ တယ်လီဖုန်းဖြင့် ဖြေ ကြားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးငယ်၏ အိမ်သို့ သွားရောက်မေးမြန်းရာ၌လက်ခံတွေ့ ဆုံခြင်းမရှိပဲ ၊ ဦးလေးဖြစ်သူနှင့်သာ ဆက်သွယ်ရန် အမျိုးသမီးငယ်၏ မိသားစုဝင်များက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ
ထိုကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ရုံးချုပ်အား ဆက်သွယ်မေးမြန်းရာ၌ The Messenger ဂျာနယ်တွင် ဖော်ပြ သည့်သတင်းတွင် မိမိပြောဆိုခဲ့သည် မှာမှန်ကန်သော်လည်း မိမိသည်တစ်ဆင့်စကားကြားပြီး မေးမြန်း သည်ကို ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦး ကြည်တိုးမှ ရှင်းလင်းပြောကြားခဲ့သည်။
“အန်ကယ်ကလည်း မြို့နယ်တာဝန်ရှိသူတွေနဲ့ ပညာရေးကွန်ယက်က တာဝန်ရှိသူတွေကတဆင့် ကြားသိ ရတာပါ။ ပါတီအနေနဲ့ ဒီကိစ္စကို ၀င်မပါပါဘူး။ ဘာလို့လဲဆိုတော့ ဖိအားပေးတာမျိုး ဖြစ်မှာ စိုးလို့ပါ။ သူတို့ ဘာသာရေးအဖွဲ့တွေ၊ မြို့နယ်ကတာဝန်ရှိသူတွေသွားရောက်စကားပြော ကြမယ်လို့ ကြားတယ်။ မိန်ကလေးဘက်ကို ကိုယ်ချင်းမစာတာတော့ မဟုတ်ဘူး။ ဘယ်သူကိုမှ မနစ်နာစေချင် ပါဘူး။ အန်ကယ်တို့ လိုလားတာကတော့ တရားဥပဒေရဲ့ရှေ့မှောက်မှာ အမှန်တိုင်းပဲ ဖြစ်စေချင်တယ်” ဟု ဦးကြည်တိုး မှ ပြော သည်။
ယခုလ ၃ ရက်နေ့ ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရ
Myit Makha Mediagroup
No comments:
Post a Comment