Saturday 12 January 2013

လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်

Photo: လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်
Saturday, January 12, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ် မူတည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့နယ်
ပြည်သူ့လွှတ်တောိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့ခေတ်သို့
ပြောကြားသည်။

နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးသည်
ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီအရင်ခံစာ တင်သွင်းမည်
ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေ အပေါ်မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အပြီးအစီရင်ခံစာ တင်ပါမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များနှင့် ယခုလကုန်တွင် တင်သွင်းမည်ဖြစ်သော ကြားဖြတ်အစီအရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးအတွက် ရေတိုကို ကြည့်လို့ မရပါဘူး။
ရေရှည်မှာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် တင်ပြပြီး
ပြည်သူတွေကိုလည်ူ ကျွန်မတို့ ကော်မရှင်က နားလည်အောင် ရှင်းပြရပါမယ်။ အစီရင်ခံစာမှာ ဒီစီမံကိန်းတွေရဲ့ ဘယ်အချက်တွေက
ပြည်သူကို အကျိုးမရှိဘူးဆိုရင်လည်း ကျွန်မတို့က အကျိုးမရှိဘူးလို့
တင်ပြ ရှင်းပြမှာပါ။” ဟု ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခင်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော စာချုပ်များအား ပြန်လည် စီစစ်မည်ဖြစ်ကြောင်း သိရပြီး သမ္မတရုံးမှ အကူအညီပေးသော ဥပဒေ ပညာရှင်များနှင့် အဆိုပါ စာချုပ်အား စုံစမ်းစီစစ်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း
စုကြည်နှင့် ဒေသခံတို့ တွေ့ဆုံပွဲတွင် ဒေါ်စုက “အရင်အစိုးရတုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ကျွန်မတို့ ပြည်သူတွေကလည်း သိဖို့ လိုတယ်။ ပြည်သူတစ်ယောက် အနေနဲ့လည်း သိခွင့်ရှိတယ်”ဟု
ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာချုပ်ထဲမှာ ဘယ်လိုအချက်တွေဟာ ပြည်သူအတွက် အကျိုးမရှိဘူး။ စတာတွေ စစ်ဆေးရမယ်။ ပြီးတော့ ကျွန်မတို့က ပညာရှင်တွေ မဟုတ် ဘူးလေ။ ဒါ့ကြောင့် ပညာရှင်တွေရဲ့ စီစစ်မှုတွေကို စောင့်ကြည့်ရမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် သက်ဆိုင်ရာမှ သုံးစွဲခဲ့သော မီးလောင်ဗုံးဟု ယူဆရသည့် လက်နက်များနှင့် ဆက်လျဉ်းပြီး အဆိုပါ ကိစ္စများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်တွယ်ထားသော ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများအား သိကျွမ်းနားလည်သည့် ပညာရှင်အကူအညီများလည်း ရယူထားကြောင်း သိရသည်။

စူးရှ
The Myanma Age
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ်မူ တည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒ်ါခင်စန်းလှိုင်က မြန် မာ့ခေတ် သို့ပြောကြားသည်။
နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ မှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော်သမ္မတမှ ဖွဲ့ စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးသည်ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီ အရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေအပေါ်မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အပြီးအစီရင်ခံစာ တင်ပါမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များနှင့် ယခုလကုန်တွင် တင်သွင်းမည်ဖြစ်သော ကြားဖြတ်အစီ အရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးအတွက် ရေတိုကို ကြည့်လို့ မရပါဘူး။
ရေရှည်မှာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် တင်ပြပြီးပြည်သူတွေကိုလည်ူ ကျွန်မ တို့ ကော်မရှင်က နားလည်အောင်ရှင်းပြရပါမယ်။ အစီရင်ခံစာမှာ ဒီစီမံကိန်းတွေရဲ့ ဘယ်အချက်တွေ က ပြည်သူကို အကျိုးမရှိဘူးဆိုရင်လည်း ကျွန်မတို့က အကျိုးမရှိဘူးလို့တင်ပြ ရှင်းပြမှာပါ။” ဟု ဆက် လက် ပြောကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခင်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော စာချုပ်များအား ပြန်လည် စီစစ်မည်ဖြစ်ကြောင်း သိရပြီး သမ္မတရုံးမှ အကူအညီပေးသော ဥပဒေ ပညာရှင်များနှင့် အဆိုပါ စာချုပ်အား စုံစမ်းစီစစ်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံတို့ တွေ့ဆုံ ပွဲတွင် ဒေါ်စုက “အရင်အစိုးရတုန်းက ချုပ်ဆိုခဲ့တဲ့စာချုပ်တွေကို ကျွန်မတို့ ပြည်သူတွေကလည်းသိဖို့ လိုတယ်။ ပြည်သူတစ်ယောက် အနေနဲ့လည်း သိခွင့်ရှိတယ်”ဟုပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာချုပ်ထဲမှာ ဘယ်လိုအချက်တွေဟာ ပြည်သူအတွက် အကျိုးမရှိဘူး။ စတာတွေစစ်ဆေးရမယ်။ ပြီးတော့ ကျွန်မတို့က ပညာရှင်တွေ မဟုတ်ဘူးလေ။ ဒါ့ကြောင့် ပညာရှင်တွေရဲ့စီစစ်မှုတွေကို စောင့် ကြည့်ရမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင်သက်ဆိုင်ရာမှ သုံးစွဲခဲ့သောမီးလောင်ဗုံးဟု ယူဆရသည့် လက်နက်များနှင့် ဆက်လျဉ်းပြီး အဆိုပါ ကိစ္စများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်တွယ် ထားသော ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများအားသိကျွမ်းနားလည်သည့် ပညာရှင်အကူအညီများလည်း ရယူထားကြောင်း သိရသည်။

စူးရှ
The Myanma Age

No comments:

Post a Comment