Saturday 12 January 2013

ပါကစ္စတန်တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုကြောင့် ၁၀၁ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ဒဏ်ရာရရှိခဲ့

ပါကစ္စတန်တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုကြောင့် ၁၀၁ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ဒဏ်ရာရရှိခဲ့

ကွာတာ၊ ဇန်န၀ါရီ ၁၁။

ပါကစ္စတန်ရှိ မြို့နှစ်မြို့တွင် ကြာသာပတေးနေ့က ဆက်တိုက် ဗုံး
ပေါက်ကွဲ မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၁ ဦးသေဆုံးခဲ့ကြောင်း
တာဝန်ရှိ သူများက ပြောကြားသည်။

Quetta တွင် ကြာသာပတေးနေ့ညနေပိုင်းမှာ ကြိုတင်စီစဉ်ခဲ့သည့်
ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး ၆၉ ဦး သေဆုံးကာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိ ဟာမစ်ရှာခေးက ဆိုသည်။

ပထမ အကြိမ် အသေခံဗုံးပေါက်ကွဲမှုသည် လူထူထပ်သည့် စနူကာ ကစားကွင်းတွင် ဖြစ်ပွားခဲ့ပြီး ၁၀ မိနစ်အကြာ၌ ကားဗုံးပေါက်ကွဲမှု ဖြစ် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်း ပေါက် ကွဲမှုတွင် သေဆုံးသူများထဲ၌ ရဲဝန်ထမ်း ၅ ဦးနှင့် ဓါတ်ပုံဆရာ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယခု ပေါက်ကွဲမှုများသည် ပါကစ္စတန်နိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်း အထက်ရှိ ရှီယာလူမျိုးများ နေထိုင်ရာမှာ ဖြစ်ပွားခဲ့ပြီး ၎င်းလူမျိုးများသည် ပါကစ္စတန်တွင် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ခံရလေ့ရှိပြီး ၂၀၁၂ ခုနှစ်အတွင်းမှာလည်း ရာပေါင်းများစွာ အသတ်ခံခဲ့ရသည်။

ကြာသာပတေးနေ့ တစ်ရက်ထဲတွင် စွက်ဒေသရှိ အကြီးဆုံးမြို့၌ ဘာသာရေးခေါင်းဆောင် မင်ဂိုရာ၏ ဟောပြောပွဲတွင်လည်း ဗုံး
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ၂၁ ဦးသေဆုံး၍ လူပေါင်း ၆၀ ကျော်
ဒဏ်ရာရရှိခဲ့သည်။


“ထိခိုက်ဒဏ်ရာ ရသူထဲက တချို့တွေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး သေဆုံးသူတွေလည်းများလာ နေတယ်။ ဒဏ်ရာရသူ တွေလည်း များများလာတယ်” ဟု ဆရာဝန် မိုဟာမက်က ပြောကြားသည်။


တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့ ပေါက်ကွဲမှုသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။


Ref: Reuters

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပါကစ္စတန်ရှိ မြို့နှစ်မြို့တွင် ကြာသာပတေးနေ့က ဆက်တိုက် ဗုံးပေါက် ကွဲ မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၁ ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိ သူများက ပြောကြားသည်။
Quetta တွင် ကြာသာပတေးနေ့ညနေပိုင်းမှာ ကြိုတင်စီစဉ်ခဲ့ သည့်ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး ၆၉ ဦး သေဆုံးကာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိ ဟာမစ်ရှာခေးက ဆိုသည်။

ပထမ အကြိမ် အသေခံဗုံးပေါက်ကွဲမှုသည် လူထူထပ်သည့် စနူကာ ကစားကွင်းတွင် ဖြစ်ပွားခဲ့ပြီး ၁၀ မိနစ် အကြာ၌ ကားဗုံးပေါက်ကွဲမှု ဖြစ် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်း ပေါက် ကွဲမှုတွင် သေဆုံးသူများထဲ၌ ရဲဝန်ထမ်း ၅ ဦးနှင့် ဓါတ်ပုံဆရာ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယခု ပေါက်ကွဲမှုများသည် ပါကစ္စတန်နိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်း အထက်ရှိ ရှီယာလူမျိုး များ နေ ထိုင် ရာမှာ ဖြစ်ပွားခဲ့ပြီး ၎င်းလူမျိုးများသည် ပါကစ္စတန်တွင် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက် ခံရလေ့ရှိပြီး ၂၀၁၂  ခုနှစ်အတွင်းမှာလည်း ရာပေါင်းများစွာ အသတ်ခံခဲ့ရသည်။

ကြာသာပတေးနေ့ တစ်ရက်ထဲတွင် စွက်ဒေသရှိ အကြီးဆုံးမြို့၌ ဘာသာရေးခေါင်းဆောင် မင်ဂိုရာ ၏ ဟောပြောပွဲတွင်လည်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ၂၁ ဦးသေဆုံး၍ လူပေါင်း ၆၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်။


“ထိခိုက်ဒဏ်ရာရသူထဲက တချို့တွေဟာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေ ပြီး သေဆုံးသူတွေလည်း များလာ နေတယ်။ ဒဏ်ရာရသူ တွေလည်းများများလာတယ်” ဟု ဆရာဝန် မိုဟာမက်က ပြောကြားသည်။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့ ပေါက်ကွဲမှုသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။


Ref: Reuters
 The Myanma Age

No comments:

Post a Comment