Saturday 12 January 2013

ကချင်ပြည်နယ်ရဲ့စစ်ပွဲတရားခံဟာ ကေအိုင်အေခေါင်းဆောင်တွေဖြစ်ကြောင်း ရှမ်းပါတီကြီးဖြစ်သော ကျားဖြူပါတီကပြောပြီ


ကေအိုင်အေခေါင်းဆောင်များမှ စစ်ကိုလိုလားသဖြင့် ကချင်ပြည်နယ် တွင် စစ်ပွဲများဖြစ်ဟု ရှမ်းပါတီလွှတ်တော် ကိုယ်စားလှယ်ပြောဆို လိုက် ပါပြီ ကေအိုင်အေ စစ်ခေါင်းဆောင်များမှ စစ်ကိုလိုလားနေသဖြင့် ကချင်စစ်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ရှမ်းပါတီကြီး တစ်ခုဖြစ်သည့် ကျားဖြူပါတီသီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ (၁၀-၁-၂၀၁၃) ရက်နေ့တွင် ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် RFA နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။



 ၎င်းက “အဲဒီမှာရှိတဲ့ စစ်ဦးစီးချုပ်တို့ ဘာတို့ ကိုယ်၌က စစ်ကို လိုလားတာ ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တော့ ဒါနဲ့ပတ်သတ်လို့ အသေးစိတ်တော့ မသိဘူး။ သို့သော် အပေါ်ကအခုတွေ့ရ သိရ သလောက်ကတော့ အဲဒီသူတို့ စစ်ဦးစီးချုပ်တို့ ဘာတို့ဆိုတဲ့ပုဂ္ဂိုလ်များကိုက စစ်လိုလားတဲ့ သူတွေဖြစ်နေတော့ စစ်ရပ်ဆဲဖို့ ကျွန်တော်တို့ ဒီအစိုးရပြောတာကို သူတို့ကလက်မခံဘဲ ကျွန်တော်တို့ သိသလောက်ဆို စဆွေးနွေးကတည်းက အကြောင်းအမျိုးမျိုးပြပြီး သူက ရှောင်ထွက်နေတာ အဲ့လို ဆိုတဲ့အခါကြတော့ ကိုင်းဟုတ်ပြီ အဲလိုဆိုလို့ရှိရင်လည်း စစ်မရပ်ချင်ဘူးဆိုရင်လည်း တိုက်ကျတော့ ဆိုတော့ အခုသူတို့နေတဲ့ စခန်းလိုင်ဇာတို့ ဘာတို့ကျတော့မယ်ဆိုတဲ့ အခါကျတော့ အရပ်ကူပါလူဝိုင်းပါ ကုလသမဂ္ဂတို့ ဘာတို့ဝင်ပါ ဒေါ်အောင်ဆန်းစုကြည်ကကြားဝင်ပါတို့တွေ ဖြစ်လာကော၊ ကျွန်တော်မြင် တာက ပြဿနာက ဒီအစိုးရဘက်မှာမရှိဘူး ကေအိုင်အေဘက်မှာပဲရှိတယ်။ ကေအိုင်အေမှာတောင်မှ သူ့အဖွဲ့အစည်းထဲက အဓိကကျတဲ့ ပုဂ္ဂိုလ်များပေါ့ သူတို့အပေါ်မှာဘဲ တာဝန် ရှိတယ်။ ” ဟု ပြောဆို သွားသည်။

ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင်လူမျိုးကြီး သီးသန့်နေထိုင်တာမဟုတ်ဘဲ ရှမ်းလူမျိုးများနှင့် အခြားသော တိုင်းရင်းသားများလည်း နေထိုင်လျက်ရှိသည်။ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်များသည် ရှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သော ဒေသများဖြစ်ပြီး ကချင်ပြည်နယ်အတွင်းတွင် ရှမ်းလူမျိုးများအပြင် အခြားတိုင်းရင်းသား များပါ နေထိုင်လေ့ရှိပြီး KIA များထံမှ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများအပြင် ရှမ်းရွာတွေအနီးတွင် အထင်လွဲစေရန် မိုင်းဆွဲမိုင်းထောင်ခြင်း၊ ရှမ်းအမျိုးသမီးငယ်များကို မုဒိမ်းကျင့်ခြင်းစသည်ဖြင့် အနိုင် ကျင့်နှိပ်စက်လျက်ရှိကြောင်းကိုလဲ ဒီဇင်ဘာလ(၂၇)ရက်နေ့ထုတ် ရှမ်းနီပါတီ၏ ကြေငြာချက်တွင် ဖော်ပြ ထားကြောင်း သိရှိရသည်။

 (မောင်ကျောက်ခဲ အဖွဲ့)

2 comments:

  1. သတင်းခေါင်းစဉ်အား ပြင်ဆင်ရေးသားပါရန် အသိပေးခြင်း
    ဖေါ်ပြပါသတင်းခေါင်းစဉ်ကို ရှမ်းပါတီကြီးဖြစ်သော ကျားဖြူပါတီက ပြောပြီ အစား သီပေါလွှတ်တော်ကိုယ်စားလှယ်ကပြော ဟု ပြင်ဆင်ရေးသားပါရန် အသိပေးပါသည်။ ဥင်္ီးရဲထွန်းသည် ကျားဖြူပါတီ၏ ပြောရေးဆိုခွင့်ရှိသူမဟုတ်သည့်အပြင် ၄င်းပြောဆိုချက်သည် ပါတီ၏အာဘော် ပ့ါတီ၏ခံယူချက်မဟုတ်ပါကြောင်း။
    (ကျားဖြူပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့)

    ReplyDelete
  2. ကျနော်ဦးရဲထွန်းသည် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင်တစ်ယောက်မဟုတ်သည့် အပြင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူမဟုတ်ပါ။ သို့ပါ၍ ကျနော့်ပြောဆိုချက်များသည် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၏ လွတ်လပ်သောအမြင်၊ သဘောထားသာဖြစ်ကြောင်း၊ ကျနော့်ပြောဆိုချက်များနှင့်ပတ် သက်သော ပြန်လည်ရိုက်ခတ်ချက်များအတွက် ကျနော့်တွင်သာတာဝန်ရှိပါကြောင်း အသိပေးကြေငြာလိုပါသည်။
    ဦးရဲထွန်း၊ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။

    ReplyDelete