Saturday 12 January 2013

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေမည်

Photo: ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေမည်

Saturday, January 12, 2013

အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ၏
ရုပ်ကြွင်း များကို ရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။

ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ်ခဲ့သော
ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေး တိုးတက်
လာမှု၏ ရလဒ်လည်း ဖြစ်သည်။

ဟာဝိုင်အီပြည်နယ်အခြေစိုက် စစ်အကျဉ်းသားနှင့် ပျောက်ဆုံး
တပ်သားများ ရှာဖွေရေးအဖွဲ့  POW/MIA Accounting Command ၏
ဖေါ်ပြချက်အရ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများကို စေလွှတ်ပြီး တစ်လ
အကြာ လာမည့် ဇန်နဝါရီ ၂၁ရက် တွင် ရှာဖွေရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ တစ်ဖွဲ့ ကို မြန်မာသို့ စေလွှတ်သွားမည်ဟု သိရသည်။

မြန်မာတွင် ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိကန်တပ်သား ၇၃၀ ဦးခန့်
ပျောက်ဆုံးခဲ့ပြီး အများစုမှာ လေတပ်သားများ ဖြစ်ကြကာ မြန်မာပြည်
မြောက် ပိုင်းတောင်တန်းများပေါ်တွင် အန္ဒိယမှ တရုတ်သို့ ရိက္ခာပို့ ပျံသန်းစဉ် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
POW ရှာဖွေေ၇းအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စ မစ်ရှဲလ်သောမတ်စ်က စုံစမ်းစစ်ဆေးရေးမှူးများသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင်
၃ ပတ်ခန့် နေထိုင်ပြီး စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။

အခြားနောက်တစ်ဖွဲ့မှာ နွေရာသီတွင် လာရောက်ကာ နောက်ပိုင်း၌ ရှာဖွေ
တူးဖေါ်ရေးအဖွဲ့ လာရောက်စဉ် လိုအပ်သော သတင်းအချက် အလက်များ
ရှိအောင် ကြိုတင်စုဆောင်းသွားမည်ဟု သိရသည်။



The Myanma Age
အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ ရုပ် ကြွင်းများကိုရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်းပထမဆုံး အကြိမ် အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။
ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ် ခဲ့သော ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေးတိုး တက်လာမှု၏ရလဒ်လည်း ဖြစ်သည်။

ဟာဝိုင်အီပြည်နယ်အခြေစိုက် စစ်အကျဉ်းသားနှင့် ပျောက်ဆုံးတပ်သားများ ရှာဖွေရေးအဖွဲ့  POW/MIA Accounting Command ၏ဖေါ်ပြချက်အရ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများကို စေလွှတ်ပြီးတစ်လ အကြာလာမည့် ဇန်နဝါရီ ၂၁ရက် တွင်ရှာဖွေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲတစ်ဖွဲကို မြန်မာသို့ စေ လွှတ်သွားမည်ဟု သိရသည်။

မြန်မာတွင် ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိကန်တပ်သား ၇၃၀ ဦးခန့်ပျောက်ဆုံးခဲ့ပြီး အများစုမှာ လေ တပ်သားများ ဖြစ်ကြကာ မြန်မာပြည်မြောက် ပိုင်းတောင်တန်းများပေါ်တွင် အန္ဒိယမှတရုတ်သို့ ရိက္ခာပို့ ပျံသန်းစဉ် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
POW ရှာဖွေေ၇းအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စမစ်ရှဲလ်သောမတ်စ်က စုံစမ်းစစ်ဆေးရေးမှူးများသည် ရန်ကုန် တိုင်းနှင့် မန္တလေးတိုင်းတို့တွင်၃ ပတ်ခန့် နေထိုင်ပြီး စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။

အခြားနောက်တစ်ဖွဲ့မှာ နွေရာသီတွင် လာရောက်ကာ နောက်ပိုင်း၌ ရှာဖွေတူးဖေါ်ရေးအဖွဲ့ လာရောက်စဉ် လိုအပ်သော သတင်းအချက် အလက်များရှိအောင် ကြိုတင်စုဆောင်းသွားမည်ဟု သိရသည်။

The Myanma Age

2 comments:

  1. သတိတော့ ထားကြဦး ကိုရွှေမြန်မာတို့ အနောက်က အဖွဲ့တွေဟာ လေယဉ်ရှာသလိုလို အလောင်းရှာသလိုလိုနဲ့ ဘာတွေ ရှာကြမလဲဆိုတာတော့ သတိချပ်သင့်တယ်။ ဒီကောင်တွေ အပေါ်ယံစကားတွေကို လွတ်မယုံနဲ့ဗျ။ ရွှေမြန်မာတွေ ရွှေအိုးပေါ်ထိုင်ပြီး ရွှေအိုးမှန်းမသိတော့ သိတဲ့ကောင်က ယူတာ ခံရဦးမှာပဲ။ မြန်မာ့မြေထဲမှာ သယံဇာတဆိုတာ ဘာတွေမှန်းကောသိကြလား။ ကျောက်စိမ်းနဲ့ ရွှေလောက်ပဲ သိနေလို့ မရဘူး။ Rare Earth Metal တွေ အများကြီးရှိတယ်။ စိန်ထက်တောင် တန်ဖိုးရှိတယ်။ အဲဒါတွေကို အဲကောင်တွေ လိုချင်လို့ အပြုံးလေး လှလှ စကားလေး ချိုချိုနဲ့ သကာလူးပြီး တရုတ်၊ ထိုင်း၊ ဂျပန်၊ အင်္ဂလိပ် ဘယ်ကောင်မှ မယုံရဘူး။ သိအောင် အရင်ကြဦး။ မြန်မာလူငယ်များမှာ တာဝန်ပိုကြီးတယ် လေ့လာကြပါ။ ကာကွယ်ပါ။ မြန်မာ့မြေမှ အမှိုက်ခွန်တောင် မပါသွားအောင် သတိဆောင်ကြပါ။ ဗဟုသုတနည်းပြီး ဘာမှ မသိလို့ကတော့ အကုန်ပြောင်တော့မယ်အရေးမြင်ယောင်မိသေးတယ်။ ဘဏ်ငွေလေးချေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်လို့ ကျေးဇူးဇွတ်မတင်လေနဲ့ အမြတ်ထုတ်ဖို့ ရောက်လာတယ်ဆိုတာ မမေ့နဲ့။ ဒီကြားထဲ မြန်မာအချင်းချင်း ဂုတ်သွေးစုတ်နေတဲ့ အသားထဲက လောက်ထွက် ရွှေမြန်မာများကြောင့်လည်း ခက်နေပြန်ရော။ တစ်ဦးတစ်ယောက်ကောင်းစားဖို့ဆို သခင်အားရ ကျွန်ပါးဝတဲ့ ဂလုန် ဦးစောကိုသာကြည့် ကျက်သရေမရှိ ဖားပြီး သမ္မတဖြစ်ချင်တာနဲ့ ဗိုလ်ချုပ်တို့ကို သတ်ပစ်တယ်။ အဲဒီမှုမှာလည်း အင်္ဂလိပ်တွေ ကူညီမှုတွေပါတယ်။ အရာရာသိနေတဲ့လူ သေသွားတော့မှ ကျေးဇူးခံရှိတဲ့ လူကိုမြှောက်ပေးပြီး ချယ်လှယ်ချင်လို့လေ။ အခုလည်း ဒေါ်စုကို ဆုတွေပေးပြီး မြှောက်ထားတယ်။ ဒေါ်စု သမ္မတဖြစ်ရင် စောင့်ကြည့် အကုန်ပြောင်ပြီ။ မြန်မာ့စကားပုံတစ်ခုမှာ တစ်လုပ်စားဖူး သူကျေးဇူးဆိုတာရှိတယ်။ ဒီတော့ ဒေါ်စု သယံဇာတများဖြင့်ကျေးဇူးဆပ်ပါလိမ့်မယ်။ မြန်မာမချစ်လို့ ကုလားဖြူကိုယူထားတာပေါ့ အနောက်နိုင်ငံ အထင်ကြီးပြီး အိုဗားမာကို နမ်းတဲ့ ဒေါ်စု သမ္မတဖြစ်ရင်။ သူ့အဖေပေးတဲ့တိုင်းပြည်ဖြစ်အောင် သူ့သမီးက လုပ်လိမ့်မယ် အမောင်တို့။

    ReplyDelete