Saturday 12 January 2013

ပြည်နယ် အနှံ့ ပေါ်ပေါက်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ပြဿနာ ရခိုင် လွှတ်တော်က စစ်ဆေး

burma

ရခိုင်ပြည်နယ်အတွင်း များမကြာမီက ရွှေးချယ်တင်မြှောက် ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်မူနှင့် ပတ်သက်ပြီး ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေရာ ရခိုင်ပြည်နယ် လွှတ်တော်မှ  စုံစမ်းစစ်ဆေးရေးအဖွဲ့ (၃)ခုဖြင့်ကွင်းဆင်း စစ်ဆေးနေ သည်ဟု သိရသည်။


စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခု ဒီဇင်္ဘာလ ၁၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့သော ရခိုင်ပြည် နယ် လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးက ဖွဲ့စည်းလိုက်ခြင်းဖြစ်ဟု ရသေ့တောင်မြို့ နယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။
ချမှတ်ထားသော စည်းကမ်းဥပေဒများကိုချိုးဖေါက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွှေးချယ် တင်မြှောက် ခဲ့သည်ဟု ဆိုကာ ရခိုင်ပြည်နယ် အစိုးရသို့ တိုင်ကြားစာအများအပြား ရောက်ရှိနေသည်ဟု သိရသည်။
စိစစ်ရေးအဖွဲ့သည် ယခုအခါ ရခိုင်ပြည်နယ် မြို့နယ်တချို့ကိုသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ် နေသည်ဟု ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာ သို့ ပြောသည်။
“ လွှတ်တော်သို့ တိုင်ကြားစာနဲ့ပတ်သက်လို့ စိစစ်ရေးအဖွဲ့က  အခုနယ်တွေကိုဆင်းပြီး စစ်ဆေးနေပါ တယ်။”
လွှတ်တော်မှ  ဖွဲ့စည်းပေးလိုက်သော စိစစ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ် ဦးမောင်လုံး ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ခွဲ သုံးဖွဲ့ ဖွဲ့ကာ ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု သူက ပြောသည်။
“ လွှတ်တော်စိစစ်ရေးအဖွဲ့ ဥက္ကဌဦးမောင်လုံးပါ။ အဖွဲ့ငယ်သုံးဖွဲ့ခွဲပြီးသွားနေပါတယ်။ အဖွဲ့ဥက္ကဌ ဦးမောင်လုံးဦးဆောင်တဲ့အဖွဲ့က ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်ကိုသွားပါတယ်။ အဲဒီ အဖွဲ့ မှာ တပ်မတော်က ကိုယ်စားလှယ် သုံဦး ပါဝင်ပါတယ်။ ဘူး သီးတောင်၊ ရသေ့တောင် နဲ့ မောင်တော ကို ဦးထူးမင်း ဦးဆောင်တဲ့ အဖွဲ့ကသွားရောက် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ကျးရွာအများအပြားတွင် အုပ်ချုပ်ရေးမှူးရွှးချယ်ရေးနှင့်ပတ်သက်ပြီး ပြဿနာ ပေါ်ပေါက်နေ သဖြင့် အုပ်ချုပ်ရေးမှူးများကိုအတည်မပြုနိုင်သေးဘဲ ဖြစ်နေသည်ဟု သိရသည်။
ယခင် အုပ်ချုပ်ရေးမှူး ဖြစ်သူက နောက် ရွှေးချယ်ခံရသူကို တာဝန်မလွှဲပြောင်းလို၍ တိုင်ကြားထားသည့် အမူများရှိသလို၊ ရွှးချယ်တင်မြှောက်ရာတွင်နံပတ်(၂) နေရာမှရသူက ပထမရသူကိုမကျေနပ်၍ တိုင်ကြား ထားသည့်  အမူများလည်း ရှိကြောင်း သိရသည်။
အများစု တိုင်ကြားထားသည့်အမူများမှာ ဆယ်အိမ်ခေါင်း ရွှေးချယ်ရာကအစ ဥပဒေနှင့်မကိုက် ညီဘဲ မြို့ နယ်အာဏာပိုင်များက မိမိသဘောနှင့် မိမိ ရွှေးချယ်သည်ဟု စွပ်စွဲထားသော အမူ များပြားကြောင်း သိရသည်။
အဆိုပါ စိစစ်ရေးအဖွဲ့များသည် တခြားမြို့နယ်များဖြစ်သည့် မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကိုလည်း သွားရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်က  ယခုကဲ့သို့ အဖွဲ့များဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အနှံ့ စုံစမ်း စစ်ဆေး မှုများ ပြု လုပ်ခြင်း သည် ရခိုင်လူထုအတွက် ကောင်းမွန်ပြီး အကျိုးရှိမည် ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြော သည်။

1 comment:

  1. ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ချင်တဲ့လူတွေ ကိုတစ်ခုမေးမယ်။ ။ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာလျှင် အသင့်ကျေးရွာကို ဘာတွေ တိုးတက်အောင်လုပ်မလဲ? ရပ်ရွာအတွင်းက ရွာသားတွေရဲ့ အနာဂါတ်ကို ဘယ်ဖန်တီးပေးမှာလဲ? ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ အရမ်းကို တာဝန်ကြီးတယ် ကျေးရွာတိုင်း ကို အုပ်ချုပ်ရေးမှူးတိုင်းက တိုးတက်အောင်လုပ်ပေးနိုင်လျှင် မြန်မာနိုင်ငံ အာရှမှာ ကျားတစ်ကောင်ဖြစ်ပြီပဲ။ ကျနော်လည်း ကျေးရွာမှာနေလာခဲ့တာ ကျေးရွာလူကြီးတိုင်း လူကြီးဖြစ်လျှင် လက်မှတ်တစ်ခါထိုး ပိုက်ဆံတောင်း။ သူကြီးကတော်က မာန်တက်၊ အမျိုးတွေက ပညာပြ၊ သူကြီးက ရဲနဲ့ပေါင်းပြီးမှူး။ ညအချိန် ဆိုင်ကယ်နဲ့ ခြံစည်းရိုးဝင်တိုက်၊ နတ်ပွဲ ဘုရားပွဲမှာ မတ်ကိုင်ပြီး ပြောချင်တာပြော။ ရွာမှာလမ်းတွေလည်းမကောင်း၊ အိမ်တိုင်းခြံစည်းရိုးမကာ။ ရွာမြေတွေ ချောင်းထဲကိုမိုးရေနဲ့အတူပါသွားတာကို တုတ်တံမံလုပ်ရမှန်းမသိဘူး။ ဘ၀င်မြင့်လေဟပ်ပြီး ဘာစောက်လုပ်မှ ကောင်းကောင်းလုပ်တာ မတွေ့ရဘူး။ စာကြည့်တိုက်တွေဖွင့်မယ်။ ရွာက အလုပ်သမားတွေအတွက် အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့ပေးမယ်။ အစည်းဝေးကျင်းပပြီး ရွာသားတွေ စည်းလုံးညီညွတ်အောင် ဆောင်ရွက်မယ်။ လယ်ယာမြေတွေကို ဘယ်လိုအောင်မြင်အောင် စိုက်ပျိုးမလဲ ပညာပေး ဟောပြောပွဲတွေ လုပ်မယ်။ ရွာကကလေးတွေကို ပညာတတ်တွေဖြစ်အောင် ဆောင်ရွက်မယ်။ ရွာကို မြို့ကြီးပြကြီးရဲ့ ရပ်ကွက်တစ်ခုလိုဖြစ်အောင် လမ်း၊ တံတား၊ လူနေမှုအဆင့်အတန်း၊ စည်းကမ်း သေ၀ပ်မှု၊ ရှောင်တခင်စစ်ဆေးမှု။ နွေရာသီ မီးမလောင်အောင် ကျေးရွာ အရံမီးသတ်တွေဖွဲ့မယ်။ ကော်မတီ အသီးသီးဖွဲ့ပြီး တကယ်လုပ်မယ့် လူတွေကို တာဝန်ပေး အုပ်ချုပ်ရေးမှူးတို့ အတွင်းရေးမှူးတို့က လိုက်စစ်မယ်။ ရွာအ၀င်မှာ ရွာနာမည် နဲ့ လမ်းကို သေချာလုပ်မယ်။ ဒါတွေ ဘယ်ကောင်မှ မလုပ်ဘူး။ မူးမယ်။ ဘ၀င်မြင့်မယ်။ NLD လိုလို ဘာလိုလို ရွာသူကြီးဖြစ်တာ သမ္မတဖြစ်တာကြနေတာပဲ။ အိမ်မှာ ရဲနဲ့ပေါင်းပြီး ဖဲရိုက်နေတဲ့လူက များတယ်။ အုပ်ချုပ်ရေးမှူး လုပ်မယ့်ကောင်က ၃ တန်းအောင်မအောင်ဘူး။ စာရေးတော့လည်း သောက်တလွဲ။ စကားပြောတော့ ဒူးကတုန်။ အခုခေတ်မှာ အသက်ကြီးတာ ငယ်တာ မဆိုင်ဘူး ဘယ်သူလုပ်နိုင်သလဲ လုပ်နိုင်တဲ့လူကို တင်မြှောက်ပြီး လေးစားစွာဆက်ဆံရမယ်။ ထိုအုပ်ချုပ်ရေးမှူးကလည်း မာန်မတက်ပဲ ရပ်ရွာအကျိုးကို သယ်ပိုးသူဖြစ်ရမယ်။ ရွာသားတွေချစ်ရမယ်။ ရွာသားတွေကိုလည်း ထိုသူက ချစ်ရမယ်။ ဥပမာတစ်ခုပြောမယ် သင်္ကြားမင်း တောင် ရပ်ရွာမှာ လမ်းဖောက်၊ တံတားဆောက် ပြည်သူ့အကျိုးပြုတွေ လုပ်လို့ သကြားမင်းဖြစ်သွားတာ။ အခုလူတွေ လူကြီးသာဖြစ်ချင်တယ်။ မိမိဖြစ်မယ့် ဒေသကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ တွေးမိကြရဲ့လား။ လူကြီးဖြစ်ထိုက်တဲ့ ဗဟုသုတကော ရှိရဲ့လား အရည်အချင်းကော ရှိရဲ့လား ပြန်လည် စမ်းစစ်ကြည့်ဦး။. မဖြစ်နိုင်ရင် နောက်ဆုတ်ပေးလိုက် လုပ်နိုင်မယ့်သူကို နေရာပေးလိုက်လေ ဒါမှတိုးတက်မှာပေါ့ဟ။ ပြောရင်းဆိုရင် ရွာက ဥက္ကဌတွေကို စိတ်တိုလာပြီ။ ပေါက်ကရတွေချည်းပဲ။

    ReplyDelete