KIA TERRORIST ဓါးပြအဖွဲ့အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မန္တလေး- မြစ်ကြီးနား ရထားလမ်းတွင် မိုင်းထောင် ဖောက် ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုးရထားလမ်းတွင် နှစ်ကြိမ် စုစုပေါင်း ၅၅ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
နိုင်ငံရေး အင်အားစုများက KIA TERRORIST ဓါးပြအဖွဲ့ ကိုရှုံ့ချတဲ့ ကြေငြာချက်လေး တစ်စောင်တောင် ထွက်မလာပါလား။
စစ်ပွဲတွေရပ်ဆိုပြီး ဆန္ဒပြတဲ့ လူတွေ ၊ ဘာလုပ်နေတာလဲ။
လဂျားယန်နဲ့ လိုင်ဇာတဝိုက်က လူတွေကိုသာ ၊ ခင်ဗျားတို့က " လူ " ထင်တာလား။
ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးက " ကွက်ကြားမိုး " ကြီးလားဗျာ။
KIA TERRORIST ဓါးပြအဖွဲ့၏တပ်တွေကို လဂျာယန်စခန်းကနေ ဒီဇင်ဘာလ ၂၅ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သတိပေးအကြောင်းကြားစာပို့မှ ကမန်းကတန်းထလုပ်တဲ့ " ငြိမ်းချမ်းရေးလိုလားသူများ၏ ဆန္ဒထုတ်ဖော်ပွဲများ "ဟာ လုံးဝရိုးသားမှုမရှိသလို ၊ အမှန်တကယ် ငြိမ်း ချမ်းရေးအတွက်ပြောနေတာလို့လဲ ယုံနိုင်စရာမရှိပါဘူး။
အခုလိုလုပ်နေတဲ့ ပုံစံက ၊ ယခင် ဗကပ မြေပေါ် အဖွဲ့အစည်းတွေက ၊ အစိုးရကို မြေပေါ် မြေအောက် ညှပ်ပြီး တိုက်တဲ့တိုက်ကွက်မျိုးမို့  ရိုးသားတဲ့ တောင်းဆိုမှုများမဟုတ်ပါဘူး။
ခင်ဗျားတို့ ငြိမ်းချမ်းရေးလိုလားသူများဟု အော်နေကြသူတွေထဲမှာ KIA TERRORIST ဓါးပြအဖွဲ့၏ အကြီး တန်းအထူးအရာရှိများ ပါဝင်နေပြီး၊ မြေပေါ်လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတာကို အားလုံးကသိနေပါပြီ။
ပြည်သူလူထုသည် မိမိတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်၍ အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်နေသော KIA TERRORIST ဓါးပြအဖွဲ့၏ အပြုအမူများကို စက်ဆုပ်ရွံရှာ နေပါပြီ။
အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်းလွှတ်ထားပါက ပြည်သူလူထုဆက်ပြီး ဒုက္ခ များ နေရပါမယ်။
အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်း ဆိုလိုက်ပါတယ်။ ။
ကိုဂျွန်
( ၁၂-၁-၂၀၁၃ )
အေအိုင်အေကိုချေမှုန်းပစ်၇ုံမှအပတခြားနည်းလမ်းမ၇ှိတော့ပါ မျိုးဖျက်မီဒီယာခွေးများကိုပါအေ၇းယူသင့်ပါကြောင်း
ReplyDeleteဟုတ်တယ် တိုက်ပစ်
Delete