Wednesday 9 January 2013

Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည်

မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၀၉၊ ၂၀၁၃

Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည် 

အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ်
အား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ်သစ်တွေကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိခဲ့ပြီး ဒုတိယ အစီးက ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ပါတယ်။ ဒုတိယ ရောက်ရှိတဲ့လေယာဉ်သစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဇန်နဝါရီ ၁၁ မှာ မိတ်ဆက် ပျံသန်းပါမယ်” ဟုမြန်မာလေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က ပြောသည်။

ယင်းလေယာဉ်များမှာ ဘရာဇီးနိုင်ငံရှိ Embraer-190 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဂျီအီးကုမ္ပဏီမှ ထုတ်လုပ်သော စက်များကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ပြီး အင်ဂျင်စွမ်းရည် ကောင်းမွန်သည်။ Air Bus –A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာကျယ်ဝန်းခြင်း၊ အခြား Regional Jet များထက် သာလွန်ခြင်း၊ လေယာဉ်ပျံသန်းမှု တလျှောက်တွင် ထိခိုက်မှု တကြိမ်သာဖြစ်ခဲ့ခြင်း စသည့် အားသာချက်များ ရှိသည်ဟု ဆိုသည်။

“Embraer-190 လေယာဉ်သစ် နှစ်စီးလုံးကို အိန္ဒိယနိုင်ငံ၊ ဂါယာ-ချန်နိုင်းတို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်-ချင်းမိုင်တို့ကို ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။ လေယာဉ်ငှါးရမ်းခက မြင့်ပေမယ့် လေယာဉ်ခကို ဈေးမတက်ဘဲ ပြေးဆွဲနိုင်အာင်ဆောင်ရွက်နေပါတယ်။ ဈေးတက်ခဲ့ရင်တောင် ကျပ် ၅,၀၀၀ လောက်ပဲ တက်မှာပါ” ဟု ဦးသန်းထွဋ် က ဆက်လက်ပြောကြားသည်။

ထိုလေယာဉ်များအား GE Capital Aviation Services မှ ငှါးရမ်းခအဖြစ် တစီးလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄၀ အထိ မြန်မာလေကြောင်းက အသုံးပြုထားကြောင်း သိရှိရသည်။ 





နွားများ ပြည်ပ တင်ပို့ရောင်းချနိုင်ရန် အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည် 

အသားစားနွား မွေးမြူသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ နွားအရှင်များနှင့် အသားများ
ကို တင်ပို့ ရောင်းချနိုင်ရန်အတွက် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဟု သိရသည်။ 

“နွားမွေးမြူသူတွေ အနေနဲ့ ပြည်ပ တင်ပို့ဖို့ စနစ်တကျ မွေးထားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ထားမယ်၊ ပြည်ပနိုင်ငံတွေက ဝယ်သူကိုလည်း ချိတ်ထားမယ်၊ ပြည်ပ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်ပြီ ဆိုရင် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက အထူးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က ပြောသည်။

အထူးအဖွဲ့အနေဖြင့် တိရိစ္တာန် အစားအစာ ကျွေးမွေးမှု ပုံစံနှင့် ရောဂါ ကင်းမကင်းကို မသတ်ဖြတ်မီ စစ်ဆေးခြင်းတို့ပြုလုပ်၍ ရောဂါကင်းရှင်းမှသာ သတ်ဖြတ်ခွင့်ပေးမည်ဟု ဆိုသည်။

“ပြည်တွင်းကော ပြည်ပပါ စစ်ဆေးပြီးမှ စားသုံးသင့် မသင့် ကျန်းမာရေး ထောက်ခံချက် ပေးတာမျိုးတွေကို
ဆောင်ရွက်မှာပါ” ဟု ဦးအောင်ကြီး က ဆက်ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင် ရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် ခွာနာလျှာနာ ကင်းရှင်းသည့် ဒေသများနှင့် ရောဂါကျရောက်မှု လုံးဝမဖြစ်သည့် ဒေသများမှ မွေးမြူရေး နွားများကို လက်ခံဝယ်ယူမည် ဆိုပါက ရောဂါကင်းရှင်းကြောင်း စစ်ဆေးပေးသွားမည် ဟု ဒေါက်တာအောင်ကြီး က ဆိုသည်။၎င်းဌာနအနေဖြင့် တိရိစ္တာန်ရောဂါ ကာကွယ်ဆေး ထိုးထားပါကလည်း တပတ်အတွင်း စားသောက်ခွင့် မပြုဟု သတ်မှတ်ခြင်း၊ သတ်မှတ်ပြီး အသားစိမ်းများကို စစ်ဆေးပြီးမှ ရောင်းချခွင့်ပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ခိုင်းနွားများကို ပြည်ပသို့ တင်ပို့ခွင့် မပြုသော်လည်း မွေးမြူရေး နွားအရှင်များကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် မလေးရှားနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ စ၍ သုံးနှစ် တင်ပို့ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အေးခဲအမဲသားကို တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ တင်ပို့ ရောင်းချခဲ့ပြီး သိုး၊ ဆိတ် အမဲအရှင်များကို ၂၀၁၁ ခုနှစ်အထိ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အေးခဲ အမဲသား ပြည်ပတင်ပို့ခဲ့မှုမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့သည်။ 





ထိုင်းနိုင်ငံ၏ Mahagitsiri အုပ်စုမှ ရန်ကုန်ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အဆင့်မြှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်

ထိုင်းနိုင်ငံ၏ လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Mahagitsiri  အုပ်စုက ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အဆင့်မြှင့် တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်ဟု သိရသည်။
အဆိုပါလုပ်ငန်းစုကြီးကို မစ္စတာ Prayudh Mahagitsiri က ပိုင်ဆိုင်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသော စီမံကိန်းကြီးများစွာကို အစပြုခဲ့သူဖြစ်သည်။ ၎င်းသည် စီးပွားရေးအလားအလာ မြင့်မားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပုဂ္ဂလိက ငွေကြေးရန်ပုံငွေအဖွဲ့ PM Group ကိုလည်း ထူထောင်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။၎င်းတို့လုပ်ငန်းစုက ရန်ကုန်မြို့တွင် ဟိုတယ်တစ်ခုကို ၀ယ်ယူနိုင်ရန် စီစဉ်နေပြီး ၎င်းဟိုတယ်ကို ကြယ်ငါးပွင့်အဆင့် မြှင့်တင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

၎င်းတို့အနေနှင့် သဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ချုပ်ဆိုနိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၁၄ နှစ်ကုန်တွင် အဆိုပါဟိုတယ်ကို လုပ်ငန်းစတင်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့အပြီးတွင် နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက်မှုမှာ တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းက လာရောက်သော နိုင်ငံခြား ခရီးသွားဧည့်သည် တစ်သန်းကျော်အထိ ရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
ခရီးသွားဦးရေ မြင့်တက်လာမှုနှင့်အတူ ဟိုတယ်လိုအပ်ချက်မှာလည်း မြင့်မားလာခဲ့ပြီး  လက်ရှိအချိန်တွင် ဟိုတယ်အခန်းမရရှိမှု ပြသနာများနှင့် ရင်ဆိုင်နေရသည်ဟု ခရီးသွားလုပ်ငန်းအသိုင်း အ၀ိုင်းမှ သိရသည်။

'' မြန်မာနိုင်ငံမှာ မနှစ်က ဟိုတယ်အခန်းခတွေ သိသိသာသာ တက်သွားတာကို တွေ့ရပါ တယ်။ မနှစ်က အစောပိုင်းမှာ ကျွန်တော်တည်းခဲ့တဲ့ ကြယ်သုံးပွင့်ဟိုတယ်ဟာ အဲဒီအချိန်က တစ်ညကို ဒေါ်လာ ၈၀ ရှိတာက နေ နှစ်ကုန်ပိုင်းမှ ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားပါတယ်'' ဟု အဆိုပါလုပ်ငန်းစုမှ အမှုဆောင်ဖြစ်သူက ပြောကြားခဲ့သည်။ 

မြန်မာ့ဟိုတယ်နှင့် ခရီးလုပ်ငန်းတွင် ဈေးကွက်လိုအပ်ချက် မြင့်မားမှုကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆွေးနွေးမှု ရှိခဲ့သည်ဟု သိရသည်။အဆိုပါနိုင်ငံများတွင် ဗီယက်နမ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ လာအို၊ တရုတ်၊ ဟောင်ကောင်၊ ရုရှား၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ ပါဝင်ခဲ့သည်။၎င်းတို့ထဲမှ ဗီယက်နမ်နိုင်ငံက ဟိုတယ်အပါအ၀င် စီးပွားရေး အဆောက်အဦ စီမံကိန်းကို ဒေါ်လာသန်း ၃၀၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသည်။လက်ရှိကာလအထိ မြန်မာနိုင်ငံတွင် ဟိုတယ် ၇၈၂ လုံး၊ အခန်းပေါင်း ၂၇၉၆၈ ခန်း ရှိသည့်အနက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံး အခန်း ၃၇၇၀ ပါဝင်သည်။



NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ်အား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင် ပြေး ဆွဲမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ် သစ်တွေ ကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိ
ခဲ့ပြီး ဒုတိယ အစီးက ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ပါတယ်။ ဒုတိယ ရောက်ရှိတဲ့လေယာဉ်သစ်ကို မိတ်ဆက်တဲအနေနဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဇန်နဝါရီ ၁၁ မှာ မိတ်ဆက် ပျံသန်းပါမယ်” ဟုမြန်မာလေကြောင်း မှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က ပြောသည်။

ယင်းလေယာဉ်များမှာ ဘရာဇီးနိုင်ငံရှိ Embraer-190 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဂျီအီးကုမ္ပဏီမှ ထုတ်လုပ်သော စက်များကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ပြီး အင်ဂျင်စွမ်းရည် ကောင်းမွန်သည်။ Air Bus –A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာကျယ်ဝန်းခြင်း၊ အခြား Regional Jet များထက် သာလွန်ခြင်း၊ လေယာဉ်ပျံသန်းမှု တလျှောက်တွင် ထိခိုက်မှု တကြိမ်သာဖြစ်ခဲ့ခြင်း စသည့် အားသာချက် များ ရှိသည်ဟု ဆိုသည်။

“Embraer-190 လေယာဉ်သစ် နှစ်စီးလုံးကို အိန္ဒိယနိုင်ငံ၊ ဂါယာ-ချန်နိုင်းတို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်-ချင်းမိုင်တို့ကို ပြေးဆွဲဖို့ အစီအစဉ်ရှိပါ တယ်။ လေယာဉ် ငှါးရမ်းခ က မြင့်ပေမယ့် လေယာဉ် ခကို ဈေး မတက်ဘဲ ပြေးဆွဲနိုင်အာင်ဆောင်ရွက်နေပါတယ်။ ဈေးတက် ခဲ့ရင်တောင် ကျပ် ၅,၀၀၀ လောက်ပဲ တက် မှာပါ” ဟု ဦးသန်းထွဋ် က ဆက်လက်ပြောကြားသည်။

ထိုလေယာဉ်များအား GE Capital Aviation Services မှ ငှါးရမ်းခအဖြစ် တစီးလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄၀ အထိ မြန်မာလေကြောင်းက အသုံးပြုထားကြောင်း သိရှိရသည်
NLABR

No comments:

Post a Comment