Wednesday 9 January 2013

ရွှေတိဂုံ စေတီတော်ကြီး ထီးတော်၌ မြွေရောက်နေသည် ဆိုခြင်းမှာ မမှန်ကန်

ရွှေတိဂုံ စေတီတော်ကြီး ထီးတော်၌ မြွေရောက်နေသည် ဆိုခြင်းမှာ မမှန်ကန်

ဇန်နဝါရီ ၆ ရက် နံနက် ၁ဝ နာရီက ရွှေတိဂုံ စေတီတော် ကြီး၏ ထီးတော် ဖောင်းရစ် (ဒုတိယဆင့်) နေရာ၌ မြွေတစ်ကောင် ရောက်ရှိ နေသည်ဟု ဆိုကာ ဘုရားဖူးများ ဝိုင်းအုံ ကြည့်ရှု နေကြသည်ကို တွေ့မြင်ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘုရားဖူး လာသူ ဓာတ်ပုံသမား တစ်ဦးက ရိုက်ကူးထားသော ဓာတ်ပုံထဲ၌ မြွေတစ်ကောင်၏ ဦးခေါင်းပိုင်း (ကိုယ်လုံး တစ်ဝက်) ပုံ ပေါ်နေကြောင်း၊ နံနက် စောစောက ယင်းမြွေမှာ ထီးတော်ကြီး၏ ဖောင်းရစ် (ဒုတိယဆင့်) နေရာအထိ ထွက်လာခဲ့ကြောင်း၊ ယင်းမြွေကို သိန်းငှက် တစ်ကောင် က ချီလာပြီး ကိုက်ခဲ ထားမှုကြောင့် ကိုယ်တစ်ပိုင်း ဒဏ်ရာ ရရှိပြီး ကောင်းစွာ မလှုပ်ရှား နိုင်ကြောင်း ပြောဆိုသည်။ ဘုရားဖူး များကလည်း ဝိုင်းအုံ ကြည့်ရှုကြရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေကြရာ ထီးတော်ကြီး အောက်၌ မြွေ၏ဦးခေါင်း လှုပ်ယမ်းနေကြောင်း မြင်တွေ့ ရသည်ဟု ပြောဆိုကာ ဝိုင်းအုံ ကြည့်ရှုသူများ များပြားလာသည်။

 စေတီတော် ကြီး၏ ထီးတော်ကို ဝိုင်းအုံကြည့်ရှု ကြသည့် ဘုရားဖူးများ မိနစ် ၃ဝ ကြာသည့် အချိန်တွင် ဘုရားဖူး တစ်ဦးက မှန်ပြောင်း ယူလာပြီး ကြည့်ရှုရာမှ ယင်းပုံရိပ် သဏ္ဌာန်မှာ ကြိုးတစ်ချောင်း ဖြစ်နေပြီး ဦးခေါင်း ပုံသဏ္ဌာန်မှာ ကြိုးထုံး ဖြစ်နေသည်ကို မြင်တွေ့ နေရကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေတိဂုံ စေတီတော် ကြီး၏ မြောက်ဘက်စောင်း တန်း ထိပ်ရှိ ထီးတော်ကြီးကို ကြည့်ရှုနိုင်ရန် တပ်ဆင်ထားသော မှန်ပြောင်းမှ ကြည့်ရှု နေသူများ၏ ပြောကြားချက် အရ ကြိုးတစ်ချောင်း လေတိုက်လျှင် လှုပ်ယမ်း နေသည်ကိုသာ မြင်တွေ့ ရကြောင်း သိရ သည်။

 ရွှေတိဂုံ စေတီတော် ကြီးရှိ ဂေါပက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံ ရိုက်သူများကို မေးကြည့်ရာ သာသနာ သက္ကရာဇ်(၂၅၅၆) ပြည့်နှစ် ပွဲတော်တွင် ထီးတော် ကြီးကို ရောင်တော် ဖွင့်ရာမှ ထီးတော်ကြီး၏ ဒေါက်တိုင်၌ မဖြုတ်သိမ်းဘဲ ကျန်နေသော ကြိုးတစ်ချောင်းသာ ဖြစ်သည်ဟု အတည်ပြု ပြောဆိုကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/localnews/item/3901-2013-01-09-09-06-19 ဇန်နဝါရီ ၆ ရက် နံနက် ၁ဝ နာရီက ရွှေတိဂုံ စေတီတော် ကြီး၏ ထီးတော် ဖောင်းရစ် (ဒုတိယဆင့်) နေရာ ၌ မြွေ တစ်ကောင် ရောက် ရှိ နေသည်ဟု ဆိုကာ ဘုရားဖူးများ ဝိုင်းအုံ ကြည့်ရှု နေကြ သည် ကို တွေ့မြင်ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘုရားဖူးလာသူ ဓာတ်ပုံသမား တစ်ဦး က ရိုက်ကူးထားသော ဓာတ်ပုံထဲ၌ မြွေတစ်ကောင်၏ ဦးခေါင်းပိုင်း (ကိုယ်လုံး တစ်ဝက်) ပုံ ပေါ်နေကြောင်း၊ နံနက် စောစောက ယင်းမြွေမှာ ထီးတော်ကြီး၏ ဖောင်းရစ် (ဒုတိယဆင့်) နေရာအထိထွက်လာခဲ့ကြောင်း၊ ယင်းမြွေကို သိန်းငှက် တစ်ကောင် က ချီလာပြီး ကိုက်ခဲ ထားမှုကြောင့်ကိုယ်တစ်ပိုင်း ဒဏ်ရာရရှိပြီး ကောင်းစွာမလှုပ်ရှား နိုင်ကြောင်း ပြောဆိုသည်။ ဘုရားဖူး များကလည်း ဝိုင်းအုံကြည့်ရှုကြရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေကြရာ ထီးတော် ကြီး အောက်၌ မြွေ၏ဦးခေါင်း လှုပ်ယမ်းနေကြောင်း မြင်တွေ့ ရသည်ဟု ပြောဆိုကာ ဝိုင်းအုံ ကြည့်ရှုသူ များ များပြားလာသည်။

စေတီတော် ကြီး၏ ထီးတော်ကို ဝိုင်းအုံကြည့်ရှု ကြသည့် ဘုရားဖူးများ မိနစ် ၃ဝ ကြာသည့် အချိန်တွင် ဘုရားဖူး တစ်ဦးက မှန်ပြောင်း ယူလာပြီး ကြည့်ရှုရာမှ ယင်းပုံရိပ် သဏ္ဌာန်မှာ ကြိုးတစ်ချောင်း ဖြစ်နေပြီး ဦးခေါင်း ပုံသဏ္ဌာန်မှာ ကြိုးထုံး ဖြစ်နေသည်ကို မြင်တွေ့ နေရကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေတိဂုံ စေတီတော် ကြီး၏ မြောက်ဘက်စောင်း တန်း ထိပ်ရှိ ထီးတော်ကြီးကို ကြည့်ရှုနိုင်ရန် တပ်ဆင်ထားသော မှန်ပြောင်းမှ ကြည့်ရှု နေသူများ၏ ပြောကြားချက် အရ ကြိုးတစ်ချောင်း လေတိုက်လျှင် လှုပ်ယမ်း နေသည်ကိုသာ မြင်တွေ့ ရကြောင်း သိရ သည်။

ရွှေတိဂုံ စေတီတော် ကြီးရှိ ဂေါပက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံ ရိုက်သူများကို မေးကြည့်ရာ သာသနာ သက္ကရာဇ် (၂၅၅၆) ပြည့်နှစ် ပွဲတော်တွင် ထီးတော် ကြီးကို ရောင်တော် ဖွင့်ရာမှ ထီးတော် ကြီး၏ ဒေါက်တိုင်၌ မဖြုတ်သိမ်းဘဲ ကျန်နေသော ကြိုးတစ်ချောင်းသာ ဖြစ်သည်ဟု အတည်ပြု ပြော ဆိုကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment