Wednesday 9 January 2013

သတ်မှတ်သက်တမ်းထက် နှစ် ၃၀ ကျော်နေသည့် ဆီတွဲရထားများအား ပြန်လည်စစ်ဆေး၍ အသုံးပြုရန် မသင့်က ဖျက်သိမ်းမည်

သတ်မှတ်သက်တမ်းထက် နှစ် ၃၀ ကျော်နေသည့် ဆီတွဲရထားများအား ပြန်လည်စစ်ဆေး၍ အသုံးပြုရန် မသင့်က ဖျက်သိမ်းမည်

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် သက်တမ်းလွန် ဆီတွဲရထားများကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အသုံးပြုရန် မသင့်တော့ပါက ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာနမှ သိရှိရပါသည်။

“စစ်ဆေးမူတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ မသုံးသင့်တော့ဘူး ဆိုရင် ဖျက်သိမ်းမှာပါ။ နောက်ပြီး ပြန်သုံးလို့ ရသေးတယ် ဆိုရင်လည်း ပြန်ပြုပြင်ပြီး သုံးသွားမှာပါ။ အစိတ်အပိုင်း အားလုံးကို ဖျက်သိမ်းပစ်မှာတော့ မဟုတ်ပါဘူး” ဟု စက်မှုနှင့် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မြန်မာ့မီးရထား ၀န်ကြီးဌာနပိုင် ဆီတွဲရထားတွဲပေါင်း ၂၂၆ တွဲရှိပြီး ဆီတွဲရထားအချို့မှာ သက်တမ်း နှစ် ၆၀ ကျော် ရှိပြီဖြစ်ကာ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ရွှေညောင်၊ မန္တလေး-မြစ်ကြီးနား ခရီးစဉ်များသို့ အဓိက ပြေးဆွဲပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဆီတွဲရထားတွဲတွေကို မြန်မာ့ရေနံ လုပ်ငန်းအတွက် ပြေးဆွဲပေးဖြစ်တာ များပါတယ်” ဟု မြန်မာ့မီးရထား စီးပွားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

ဆီတွဲရထားများ၏ သက်တမ်းကို ထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် နှစ် ၃၀ သာ သတ်မှတ်ထားသော်လည်း မြန်မာ့မီးရထား အနေဖြင့် သက်တမ်းကျော်သည်အထိ ပြန်လည်ပြုပြင် အသုံးပြုလျက်ရှိပြီး ဆီတွဲရထားတွဲများ အစားထိုးပြုပြင်မှု လုပ်ငန်းကို မြစ်ငယ်ရထားပြင်ဆင် တည်ဆောက်သည့် စက်ရုံမှ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာ့မီးရထား အနေဖြင့် သက်တမ်းလွန် ဆီတွဲရထား ဖျက်သိမ်းမှုကို လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အပြီးသတ် လုပ်ဆောင်နိုင်ရန် ခန့်မှန်းထား ကြောင်းလည်း သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာရုံ အနီးတွင် မန္တလေးမြို့မှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၈၀၇) ဆီအထူးရထား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Eleven media Group ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် သက် တမ်း လွန် ဆီတွဲရထားများကို စစ်ဆေး မှုများ ပြု လုပ်သွား မည်ဖြစ်ပြီး အသုံးပြုရန် မသင့်တော့ပါက ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားစက်မှုနှင့်လျှပ်စစ်ဌာနမှ သိရှိ ရပါ သည်။
“စစ်ဆေးမူတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ မသုံးသင့်တော့ဘူး ဆိုရင် ဖျက်သိမ်းမှာပါ။ နောက်ပြီး ပြန်သုံးလို့ ရသေးတယ် ဆိုရင် လည်း ပြန်ပြုပြင်ပြီး သုံးသွားမှာပါ။ အစိတ်အပိုင်း အားလုံးကို ဖျက်သိမ်းပစ်မှာတော့ မဟုတ်ပါဘူး” ဟု စက်မှုနှင့် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မြန်မာ့မီးရထား ၀န်ကြီးဌာနပိုင် ဆီတွဲရထားတွဲပေါင်း ၂၂၆ တွဲရှိပြီး ဆီတွဲရထားအချို့မှာ သက်တမ်း နှစ် ၆၀ ကျော် ရှိပြီဖြစ်ကာ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ရွှေညောင်၊ မန္တလေး-မြစ်ကြီးနား ခရီးစဉ်များသို့ အဓိက ပြေးဆွဲပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဆီတွဲရထားတွဲတွေကို မြန်မာ့ရေနံ လုပ်ငန်းအတွက် ပြေးဆွဲပေးဖြစ်တာ များပါ တယ်” ဟု မြန်မာ့မီးရထား စီးပွားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

ဆီတွဲရထားများ၏ သက်တမ်းကို ထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် နှစ် ၃၀ သာ သတ်မှတ် ထားသော် လည်း မြန်မာ့မီးရထား အနေဖြင့် သက်တမ်းကျော်သည်အထိ ပြန်လည်ပြုပြင် အသုံးပြုလျက်ရှိပြီး ဆီတွဲ ရထားတွဲများ အစားထိုးပြုပြင်မှု လုပ်ငန်းကို မြစ်ငယ်ရထားပြင်ဆင် တည်ဆောက်သည့် စက်ရုံမှ ပြု လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာ့မီးရထားအနေဖြင့် သက်တမ်းလွန်ဆီတွဲရထားဖျက်သိမ်းမှုကို လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အပြီးသတ် လုပ်ဆောင်နိုင်ရန် ခန့်မှန်းထား ကြောင်းလည်း သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာရုံ အနီးတွင် မန္တလေးမြို့မှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၈၀၇) ဆီအထူးရထား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Eleven media Group

No comments:

Post a Comment