Wednesday 9 January 2013

မြေပုံမြို့မှ ဘင်္ဂါလီများလူမျိုးအမည်အမျိုးမျိုးခံယူမှုများ ရှိနေသည်ဟုဆို


မြေပုံမြို့ရှိဘင်္ဂါလီများအား ၁၉၈၂-ဥပဒေအရ စစ်ဆေးမှု များပြု လုပ် လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ ယူလျက် ရှိနေ ကြောင်း သိရသည်။
ဘင်္ဂါလီများအားဇန်၀၀ါရီ(၅)ရက်နေ့မှ တင်ကာစစ်ဆေး နေခြင်းဖြစ်ပြီး (၁)နိုင်ငံခြားသား(၂)ဧည့်နိုင် သား(၃)နိုင်ငံသားပြုခွင့် ရသူ(၄)နိုင်ငံ သားဟူသောပုံစံ(၄)မျိုးဖြင့်စစ်ဆေးလျှက်ရှိသည်။
စစ်ဆေးရေးအဖွဲ့တွင် သက်ဆိုင်ရာလ.၀.က များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရခိုင်ရပ်မိရပ်ဖ များ ပါဝင်သော အဖွဲ့(၆)ဖွဲ့ ခွဲကာ စစ်ဆေးလျှက်ရှိသည်။

ဇန်န၀ါရီ(၄-၆-၇)စစ်ဆေးများအရ ဘင်္ဂါလီများအနေနှင့် လူမျိုးနေရာတွင်ငွေကြေးရှိသူနှင့် ၀န်ထမ်းများ ကကမန်၊ အချို့က ရိုဟင်ဂျာ၊ အချို့က ဘင်္ဂါလီ၊ အချို့ကအမည်မဲ့အဖြစ် စာရင်းပေး သွင်းနေကြကြောင်း ၊ မွေးဖွာရာဒေသနှင့် ဘိုးဘွားစဉ်ဆက် စာရင်းကိုပေးရာတွင်လည်း မြေပုံမြို့နယ် အတွင်း ၁၉၄၂- ခုနှစ် နောက်ပိုင်းက ရှိခဲ့သောကျေးရွာအချို့၏ အမည်များကိုပေးသွင်းနေကြောင်း၊ အချို့  ပေါက်တော ၊ဘူးသီးတောင်၊ မောင်းတောဒေသများမှအခြေချလာသူများပင်မြေပုံနယ်ပေါက်ဖွားအဖြစ် စာရင်း ပေး သွင်းနေကြောင်း၊ စစ်ဆေးမှုလုပ်ငန်းမှာလည်း စာရင်းအသစ် ကောက်ယူနေခြင်းနှင့် သာ တူနေကြောင်ဖြင့် စစ်ဆေးရေးအဖွဲ့ တွင်ပါဝင်သော ဒေသခံရပ်မိ၊ရပ်ဖများ၏ပြောကြားချက်အရ သိရှိ ရသည်။

မူလဘင်္ဂါလီကနေ ကမန်(သို့မဟုတ်) ရိုဟင်ဂျာ ဟု၎င်း၊ မြေပုံမြို့နယ်ပေါက်ဖွားဟု၎င်းစာရင်းဖြစ်ပေါ်ရန် ကြိုးကိုင် စည်ရုံးသူမှာ ဘင်္ဂါလီ ရွှေလှဖြစ်ကြောင်းသိရသည်။

ဘင်္ဂါလီရွှေလှမှာ မင်းပြားမြို့နယ် ခြိတ်တောင်ဇာတဖြစ်ပြီး ပညာရေးဌာနတွင်အမှုထမ်းခဲ့သူဖြစ်သည်။

ဘင်္ဂါလီရွှေလှသည်(၁၉၄၀)ခုဖွားဖြစ်သော်လည်း(၂၀၀၀)ပြည့်နှစ်တွင် အငြိမ်းစား မယူပဲ (၁၉၄၀) ခုကို (၁၉၄၃) ဟု လိမ်လည် ပြင်ဆင်ကာ(၂၀၀၁)ခနှစ် သြဂုတ်လအထိနိုင်ငံတော်လစာငွေကိုလိမ်လည် ထုက်စားခဲ့သူဖြစ်သည်

။အောက်ဖေါ်ပြပါ ဘင်္ဂါလီရွှေလှ၏ (၁၉၈၀)ခုနှစ် ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်းအရ ဘင်္ဂါလီတစ်ဦး၊ နိုင်ငံခြားသားတစ်ဦးဖြစ်သော်လည်း ယခု စစ်ဆေးမှုတွင်ကမန်တိုင်းရင်းသားအဖြစ်အမည် စာရင်းပေး ထားပြီး နိုင်ငံသားကပ်လည်းရထားကြောင်းသိရရသည်။

 အခြားဝန်ထမ်းကုလား အချို့မှာ မူလက ဘင်္ဂါလီဖြစ်သော်လည်း ယခုကမန်အဖြစ်ပြောင်း လဲကာ နိုင်ငံ သားကပ်ရရှိထားသူများဖြစ်ကြောင်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးမှ ပြောကြားသည်

။မြေပုံမြို့ရှိဘင်္ဂါလီများထဲတွင် အနယ်နယ် အရပ်ရပ်က တရားမ၀င် ပြောင်းရွှေ့လာသူတို့လည်း အများ အပြားရှိနေ ကြောင်းအချို့ဘင်္ဂါလီများကိုယ်တိုင် စာရင်းပေးချက် အရ သိရှိရပါသည်။

လက်ရှိအနေအထားသည် ဘင်္ဂလီများအား စစ်ဆေးနေခြင်းသာဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်မဖြစ် ခွင့် ကို နိုင်ငံ တော်အဆင့်မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ဖြစ်ချင်တိုင်းဖြစ်ခွင့်မရနိုင်ကြောင်းနှင့် အစိုးရ၏ လုပ်ရပ်အား ဘင်္ဂလီများက နှောက်ယှက်နေခြင်းသာဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့နှောက်ယှက်ရန်အတွက် လည်း တစ်ချို့သောဘင်္ဂလီအဖွဲ့အစည်းများက တွန်းအားပေးနေကြောင်း လည်း ပေါက်တောမြို့နယ် ရှိ ကြယ်နီပြင်ကျေးရွာမှာ အဒူလာဇိတ်က ပြောပါသည်။

Rakhine Straight Views

No comments:

Post a Comment