Wednesday 9 January 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း
Wednesday, January 09, 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား
နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။

ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊
ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ
ထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော
အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေးလဘ်ယူမှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို
ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

7Day News Journal လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် အားနိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်း လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင် ယနေ့ ဖော်ပြ ထားသည်။

ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌ အဖြစ်ဆောင် ရွက်ပြီး ပြည် ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတ ရုံးဝန်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊ ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။


ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေး လဘ်ယူ မှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည် ဟု ကြေငြာချက် တွင် ဖော်ပြ ထားသည်။


7Day News Journal

No comments:

Post a Comment