Wednesday 9 January 2013

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ကြောင်း မက္ကဆီကို အာဏာပိုင် များက ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ဥမင် လိုဏ်ခေါင်း၏ ဝင်ပေါက်အား Mexicall မြို့နှင့် Calexico မြို့များအကြား နယ်စပ်မှ မီတာ ၃ဝဝ အကွာရှိ ကုန်လှောင်ရုံ တစ်ခုအတွင်း တည်ဆောက် ထားပါသည်။ အဆိုပါ ဝင်ပေါက်မှာ တည်ဆောက်ဆဲ ဖြစ်ကြောင်း Mexicali မြို့ ရဲတပ်ဖွဲ့၏ အကြီးအကဲ ဖြစ်သူ Marco Antonio Carrillo က AFP သတင်း ဌာနသို့ ပြောကြားခဲ့ ပါသည်။ လိုဏ်ခေါင်းမှာ အနက် ၁ဝ မီတာ၊ အရှည် ၃ဝ မီတာရှိပြီး လေဝင်လေထွက် စနစ်နှင့် အလင်းရောင် ဝင်နိုင် သည့်စနစ် ပါရှိသော ခေတ်မီပုံစံ ဖြစ်ကြောင်း Carrilli က ပြောကြားခဲ့ ပါသည်။ မက္ကဆီကို နိုင်ငံ၌ ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များ အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ရာဇဝတ်မှု ကျူးလွန်မှု များကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3885-2013-01-08-16-26-53

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာ ရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ် သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ ရှိခဲ့ကြောင်း မက္ကဆီကို အာဏာပိုင် များက ဇန်နဝါရီလ ၅ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။

ဥမင် လိုဏ်ခေါင်း၏ ဝင်ပေါက်အား Mexicall မြို့နှင့် Calexico မြို့များအကြား နယ်စပ်မှ မီတာ ၃ဝဝ အကွာရှိ ကုန်လှောင်ရုံ တစ်ခုအတွင်း တည်ဆောက် ထားပါသည်။ အဆိုပါ ဝင်ပေါက်မှာ တည်ဆောက် ဆဲ ဖြစ်ကြောင်း Mexicali မြို့ ရဲတပ်ဖွဲ့၏ အကြီးအကဲ ဖြစ်သူ Marco Antonio Carrillo က AFP သတင်း ဌာနသို့ ပြောကြားခဲ့ ပါသည်။ လိုဏ်ခေါင်းမှာ အနက် ၁ဝ မီတာ၊ အရှည် ၃ဝ မီတာရှိပြီး လေဝင်လေထွက် စနစ်နှင့် အလင်းရောင် ဝင်နိုင် သည့်စနစ် ပါရှိသော ခေတ်မီပုံစံ ဖြစ်ကြောင်း Carrilli က ပြောကြားခဲ့ ပါသည်။ မက္ကဆီကို နိုင်ငံ၌ ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များ အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ရာဇဝတ်မှု ကျူးလွန်မှု များကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင် များ က ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။


  မြ၀တီ

No comments:

Post a Comment