Wednesday 9 January 2013

ဗဟို ဘဏ်ရှိ အချက် အလက် များကို Cloud နည်း ပညာဖြင့် အသုံးပြုနိုင် ရန် JICA မှ ဂျပန် ကုမ္ပဏီ သုံးခုဖြင့် ချိတ်ဆက် ကူညီမည်

Photo: ဗဟိုဘဏ်ရှိ အချက်အလက်များကို Cloud နည်းပညာဖြင့် အသုံးပြုနိုင်ရန် JICA မှ ဂျပန်ကုမ္ပဏီသုံးခုဖြင့် ချိတ်ဆက်ကူညီမည်
Wednesday, 09 January 2013

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်
အလက်များနှင့် စာရွက်စာတမ်းများကို  ကွန်ပျူတာ Cloud  နည်းပညာဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် JICA မှ ဂျပန်နိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် ချိတ်ဆက်ပေးကာ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း၏
ပြောကြားမှုအရ သိရသည်။

ယင်းသို့ ပါဝင်ဆောင်ရွက်ရာတွင် ကူညီမည့် ဂျပန်ကုမ္ပဏီသုံးခုမှာ ဒိုင်အိဝါ သုတေသနကုမ္ပဏီ၊ ဖူဂျီစု ကုမ္ပဏီလီမိတက်နှင့် ကေဒီဒီအိုင် ကော်ပိုရေးရှင်း ကုမ္ပဏီတို့ ဖြစ်ပြီး ယင်းကုမ္ပဏီသုံးခုမှာ ဒီဇိုင်းတည်ဆောက်မှုပိုင်း၊ ပစ္စည်းကိရိယာ ပံ့ပိုးမှုပိုင်းတို့တွင် ကူညီမည်ဖြစ်သည်။

ယင်းသို့ ကူညီဆောင်ရွက်ရာတွင် အဓိကကျသည့် Cloud Computing platform နှင့် အခြားတွဲဖက် စနစ်များအား အခြေခံပြီး လုံခြုံမှု အပိုင်းနှင့် Desktop ၀န်ဆောင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးအောင်ကျော် သန်းက ဆက်လက်၍ ''ဒီပရောဂျက်ကို
တော့ ၂၀၁၃ ခုနှစ်မှ စတင်ပြီး လုပ်ဆောင်မှာပါ။ MOU ထိုးဖို့ကိုလည်း
ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒီ စနစ်ကို သုံးမယ်ဆိုရင်တော့ အရင်ထက်ပိုပြီးတော့ ဘဏ်လုပ်ငန်းတွေ လျင်မြန်လာမယ်၊ ပြီးတော့ သတင်း အချက်အလက်တွေလည်း ပိုမိုလုံခြုံမှု ရှိလာမယ်'' ဟု ပြောသည်။

ယခု ချိတ်ဆက်ဆောင်ရွက်မည့် Cloud  နည်းပညာပေါ်တွင် အခြေခံကာ နောက်ပိုင်းတွင် Financial Sector တစ်ခုလုံးထိ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြား ရေးမှူး ဦးအောင်ကျော်သန်းက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များနှင့် စာရွက်စာတမ်းများကို ကွန်ပျူတာ Cloud နည်း ပညာဖင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် JICA မှ ဂျပန်နိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် ချိတ်ဆက်ပေးကာ ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း၏ ပြောကြားမှုအရ သိရသည်။

ယင်းသို့ ပါဝင်ဆောင်ရွက်ရာတွင် ကူညီမည့် ဂျပန်ကုမ္ပဏီသုံးခုမှာ ဒိုင်အိဝါ သုတေသနကုမ္ပဏီ၊ ဖူဂျီစု ကုမ္ပဏီလီမိတက်နှင့် ကေဒီဒီအိုင် ကော်ပိုရေးရှင်း ကုမ္ပဏီတို့ဖြစ်ပြီး ယင်းကုမ္ပဏီသုံးခုမှာ ဒီဇိုင်းတည်ဆောက်မှုပိုင်း၊ ပစ္စည်းကိရိယာ ပံ့ပိုးမှုပိုင်းတို့တွင် ကူညီမည်ဖြစ်သည်။

ယင်းသို့ ကူညီဆောင်ရွက်ရာတွင် အဓိကကျသည့် Cloud Computing platform နှင့် အခြားတွဲဖက် စနစ်များအား အခြေခံပြီးလုံခြုံမှုအပိုင်းနှင့် Desktop ၀န်ဆောင်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးအောင်ကျော် သန်းက ဆက်လက်၍ ''ဒီပရောဂျက်ကို တော့ ၂၀၁၃ ခုနှစ်မှ စတင်ပြီး လုပ်ဆောင်မှာပါ။ MOU ထိုးဖို့ကိုလည်း ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒီ စနစ်ကို သုံးမယ်ဆိုရင်တော့ အရင်ထက်ပိုပြီးတော့ ဘဏ်လုပ်ငန်းတွေ လျင်မြန်လာမယ်၊ ပြီးတော့ သတင်း အချက်အလက်တွေလည်း ပိုမိုလုံခြုံမှု ရှိလာမယ်'' ဟု ပြောသည်။

ယခု ချိတ်ဆက်ဆောင်ရွက်မည့် Cloud နည်းပညာပေါ်တွင် အခြေခံကာ နောက်ပိုင်းတွင် Financial Sector တစ်ခုလုံးထိ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြား ရေးမှူး ဦးအောင်ကျော်သန်းက ဆက်လက် ပြောကြားခဲ့သည်။

From : Eleven Media Group


No comments:

Post a Comment