Friday 4 January 2013

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နျူကလီးယား စက်ရုံ အဆောက် အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ ကြခြင်း

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နျူကလီးယား စက်ရုံ အဆောက် အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ ကြခြင်း
 
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နှစ်နိုင်ငံ အကြား စစ်မက် ဖြစ်ပွားပါက နျူကလီးယား အဆောက် အဦများအား တိုက်ခိုက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရေး သဘောတူ ညီချက်အရ နှစ်နိုင်ငံ နျူကလီးယား စက်ရုံ အဆောက် အဦများ၏ စာရင်းကို အပြန်အလှန် ဖလှယ် ခဲ့ကြကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် နယူးဒေလီနှင့် အစ္စလာ မာဘတ် မြို့များရှိ သံရုံးများမှ တစ်ဆင့် အဆိုပါ နျူကလီးယား စက်ရုံ အဆောက်အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ 

၁၉၈၈ ခုနှစ်တွင် နှစ်နိုင်ငံ လက်မှတ်ရေး ထိုးခဲ့သော သဘောတူညီချက် တစ်ရပ်အရ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့ အနေဖြင့် နျူကလီးယား စက်ရုံ အဆောက်အဦများ စာရင်းကို ၁၉၉၂ ခုနှစ် မှစ၍ နှစ်စဉ် အပြန်အလှန် ဖလှယ်ခဲ့ ကြကြောင်း၊ နှစ်နိုင်ငံစလုံးသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံများ ဖြစ်ပြီး ၁၉၄၇ ခုနှစ် မှစ၍ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွား ခဲ့ဖူးကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3535-2013-01-03-13-38-59

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နှစ်နိုင်ငံ အကြား စစ်မက် ဖြစ်ပွားပါက နျူကလီးယား အဆောက် အဦများအား တိုက်ခိုက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရေး သဘောတူ ညီချက်အရ နှစ်နိုင်ငံ နျူကလီးယား စက်ရုံ အဆောက်အဦများ၏စာရင်းကို အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် နယူးဒေလီနှင့် အစ္စလာ မာဘတ် မြို့များရှိ သံရုံးများမှ တစ်ဆင့်အဆိုပါ နျူကလီးယား စက်ရုံအဆောက်အဦများစာရင်းကို အပြန်အလှန် ဖလှယ် ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

၁၉၈၈ ခုနှစ်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တစ်ရပ်အရ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ အနေဖြင့် နျူကလီးယားစက်ရုံ အဆောက်အဦများစာရင်းကို ၁၉၉၂ ခုနှစ် မှစ၍ နှစ်စဉ် အပြန်အလှန်ဖလှယ်ခဲ့ ကြကြောင်း၊ နှစ်နိုင်ငံစလုံးသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ များ ဖြစ်ပြီး ၁၉၄၇ ခုနှစ် မှစ၍ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွား ခဲ့ဖူးကြောင်း သိရှိရ ပါသည်။
မြ၀တီ

No comments:

Post a Comment