Friday 4 January 2013

ရုရှားနိုင်ငံသည် အိန္ဒိယ လေတပ် အတွက် MI-17 V-5 ရဟတ်ယာဉ်များ ပိုမို တည်ဆောက် သွားမည်ဟုဆို


ရုရှားနိုင်ငံသည် အိန္ဒိယ လေတပ် အတွက် MI-17 V-5 ရဟတ်ယာဉ်များ ပိုမို တည်ဆောက် သွားမည်ဟုဆို

ရုရှား နိုင်ငံ၏ Rosoboronexport ကုမ္ပဏီသည် အိန္ဒိယ လေတပ်အတွက် Mi-17V-5 အမျိုးအစား စစ်ဘက် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များအား ၂ဝ၁၅ ခုနှစ်တွင် လွှဲပြောင်း ပေးအပ်ရေး အတွက် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့က ရုရှား သမ္မတ ပူတင်၏ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း အဆိုပါ သဘောတူ စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ရုရှားသမ္မတ၏ အိန္ဒိယ အလည်အပတ် ခရီးစဉ် အတွင်း ရဟတ်ယာဉ် ထုတ်လုပ်မှုများ အပါအဝင် နှစ်နိုင်ငံ အကြား စစ်ဘက် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူ ညီချက်များ ကိုလည်း လက်မှတ်ရေး ထိုးခဲ့ကြ ပါသည်။ အိန္ဒိယ နိုင်ငံသည် ရုရှားနိုင်ငံမှ လေယာဉ်များအား ပုံမှန်ဝယ်ယူ လျက်ရှိကြောင်းနှင့် လက်ရှိ အိန္ဒိယ နိုင်ငံတွင် ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ် ၂၈ဝ စင်း ရှိကြောင်း သိရှိရ ပါသည်။ အိန္ဒိယ လေတပ် အတွက် Mi-17V-5 ရဟတ်ယာဉ် များအား ရုရှား ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်အောက်ခံ ဖြစ်သည့် Kazan Helicopters ကုမ္ပဏီမှ ထုတ်လုပ်မည် ဖြစ်ပါသည်။ Mi-17V-5 ရဟတ်ယာဉ် များသည် အိန္ဒိယနိုင်ငံ လေတပ်ဖွဲ့ အတွက် သာမက ကမ္ဘာ့ ဈေးကွက်ရှိ ခေတ်မီ ဆန်းသစ်သော ရဟတ်ယာဉ် အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။

http://www.myawady.net.mm/allnews/global/item/3538-2013-01-03-13-47-58
ရုရှား နိုင်ငံ၏ Rosoboronexport ကုမ္ပဏီသည် အိန္ဒိယ လေတပ်အတွက် Mi-17V-5 အမျိုးအစား စစ်ဘက်သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များအား ၂ဝ၁၅ ခုနှစ်တွင် လွှဲပြောင်း ပေးအပ်ရေး အတွက် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့က ရုရှား သမ္မတ ပူတင်၏ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း အဆိုပါ သဘောတူ စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ရုရှား သမ္မတ ၏ အိန္ဒိယ အလည်အပတ် ခရီးစဉ် အတွင်း ရဟတ်ယာဉ် ထုတ်လုပ်မှုများ အပါအဝင် နှစ်နိုင်ငံ အကြား စစ်ဘက်နည်းပညာ ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူ ညီချက်များကိုလည်း လက်မှတ်ရေး ထိုးခဲ့ကြ ပါသည်။ အိန္ဒိယ နိုင်ငံသည် ရုရှားနိုင်ငံမှ လေယာဉ်များအား ပုံမှန်ဝယ်ယူ လျက်ရှိကြောင်းနှင့် လက်ရှိ အိန္ဒိယ နိုင်ငံတွင် ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ် ၂၈ဝ စင်း ရှိကြောင်း သိရှိရ ပါသည်။ အိန္ဒိယ လေတပ် အတွက် Mi-17V-5 ရဟတ်ယာဉ် များအား ရုရှား ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်အောက်ခံ ဖြစ်သည့် Kazan Helicopters ကုမ္ပဏီမှ ထုတ်လုပ်မည် ဖြစ်ပါသည်။ Mi-17V-5 ရဟတ်ယာဉ် များသည် အိန္ဒိယနိုင်ငံ လေတပ်ဖွဲ့ အတွက် သာမက ကမ္ဘာ့ ဈေးကွက်ရှိ ခေတ်မီ ဆန်း သစ်သော ရဟတ် ယာဉ် အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။
မြ၀တီ


No comments:

Post a Comment