Friday 4 January 2013

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား


(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား နံနက် ၄ နာရီ မိနစ် ၂၀ မင်္ဂလာအချိန်တွင်လွှင့်တင်ခဲ့ပြီး နံနက် ၇ အချိန်တွင် ပြည်ထောင်စု ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သ၀န်လွှာအား ဖတ်ကြားဖတ်ကြားခဲ့ကြောင်း သိရသည်။

'' မြန်မာပြည်သူများ၏ တူညီ သော ဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်ရေး နဲ့ တရားဥပဒေလေးစားလိုက်နာရေးတို့ဟာ အရေးကြီး ပါတယ်၊ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ဥမကွဲ သိုက် မပျက် နေထိုင်နိုင်ဖို့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာလွန်စွာမှ အရေးကြီးပါတယ်'' ဟု ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း က သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၀န် ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊NGO အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
EMG

No comments:

Post a Comment