Friday 4 January 2013

အိန္ဒိယ ရေတပ်ဖွဲ့သည် ရရှား နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘောံ INS TARKASH ကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိခြင်း

အိန္ဒိယ ရေတပ်ဖွဲ့သည် ရရှား နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘောံ INS TARKASH ကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိခြင်း

အိန္ဒိယ ရေတပ်ဖွဲ့သည် ရုရှား နိုင်ငံမှ ရောက်ရှိ လာသော ရေဒါ ရှောင်ကွင်းနိုင်သည့်  INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိကြောင်းနှင့် အဆိုပါ စစ်သင်္ဘော သည် မွမ်ဘိုင်း ကမ်းလွန် ပင်လယ်ပြင်တွင် ရောက်ရှိနေကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ရုရှားနိုင်ငံ ကာလီ နင်ဂရက် မြို့ရှိ Yantar သင်္ဘောကျင်းတွင် တည်ဆောက် ခဲ့သော အဆိုပါ  INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် အနောက်ပိုင်း ရေတပ် ဌာနချုပ်မှူး ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရှက်ဟာ ဆင်ဟာက တပ်တော်သွင်းခဲ့ ကြောင်း သိရှိ ရပါသည်။ အဆိုပါ Tarkash စစ်သင်္ဘောသည် အိန္ဒိယ အနေဖြင့် ရုရှား နိုင်ငံမှ ဝယ်ယူထား သည့် ဖရီးဂိတ် စစ်သင်္ဘော ၃ စီးအနက် ဒုတိယမြောက် စစ်သင်္ဘော ဖြစ်ကြောင်း၊ ပထမဆုံး စစ်သင်္ဘော ဖြစ်သည့် INS Teg ကို ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ရရှိခဲ့ပြီး အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက်ချထား ခဲ့ကြောင်းနှင့် တတိယမြောက် ဖရီးဂိတ် စစ်သင်္ဘော Trikand ကို ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် လွှဲပြောင်း ရရှိနိုင်ဖွယ် ရှိကြောင်း သိရှိ ရပါသည်။ INS Tarkash စစ်သင်္ဘောကို BrahMos ခရုဇ် ဒုံးပျံများ၊ ရေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ တော်ပီဒိုများ၊ ရေငုပ် သင်္ဘောဖျက် ဒုံးကျည်များနှင့် အခြား စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/3547-2013-01-03-16-24-28
အိန္ဒိယ ရေတပ်ဖွဲ့သည် ရုရှား နိုင်ငံမှ ရောက်ရှိလာသော ရေဒါ ရှောင်ကွင်းနိုင်သည့် INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို အနောက်ပိုင်းရေယာဉ်စုတွင် ဖြန့်ကြက်ချထားလျက်ရှိကြောင်းနှင့် အဆိုပါစစ်သင်္ဘောသည် မွမ်ဘိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ရောက်ရှိနေကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ် အရ သိရှိ ရပါသည်။

ရုရှားနိုင်ငံ ကာလီ နင်ဂရက် မြို့ရှိ Yantar သင်္ဘောကျင်းတွင် တည်ဆောက် ခဲ့သော အဆိုပါ INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် အနောက်ပိုင်း ရေတပ် ဌာန ချုပ်မှူး ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရှက်ဟာ ဆင်ဟာက တပ်တော်သွင်းခဲ့ ကြောင်း သိရှိ ရပါသည်။ အဆိုပါ Tarkash စစ်သင်္ဘောသည် အိန္ဒိယအနေဖြင့် ရုရှား နိုင်ငံမှဝယ်ယူထားသည့် ဖရီးဂိတ် စစ်သင်္ဘော ၃ စီးအနက် ဒုတိယမြောက် စစ်သင်္ဘော ဖြစ်ကြောင်း၊ ပထမဆုံးစစ်သင်္ဘော ဖြစ်သည့် INS Teg ကို ၂ဝ၁၂ ခုနှစ် ဇွန်လတွင်ရရှိခဲ့ပြီး အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက်ချထားခဲ့ကြောင်းနှင့် တတိယမြောက်ဖရီးဂိတ်စစ်သင်္ဘော Trikand ကို ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် လွှဲပြောင်း ရရှိနိုင်ဖွယ် ရှိကြောင်းသိရှိရပါသည်။ INS Tarkash စစ်သင်္ဘောကို BrahMos ခရုဇ်ဒုံးပျံများ၊ ရေပြင်မှဝေဟင်ပစ် ဒုံးပျံများ၊ တော်ပီဒိုများ၊ ရေငုပ် သင်္ဘောဖျက် ဒုံးကျည်များနှင့် အခြား စစ်လက်နက် ပစ္စည်းများ တပ်ဆင် ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment