Friday 4 January 2013

မလိရေအားလျှပ်စစ် စက်ရုံနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံများ ဖျက်ဆီးခံရ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ် အမြန်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိ

မလိရေအားလျှပ်စစ် စက်ရုံနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံများ ဖျက်ဆီးခံရ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ် အမြန်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိ

နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသော လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ပြည်တွင်း/ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်၍ ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲ ကာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ ကာလတွင် မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား (၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ကို   ဖြန့်ဖြူး ပေးလျက်ရှိရာ မလိ ရေအားလျှပ်စစ် စက်ရုံ(၁)ရုံမှ စက်တပ်ဆင်အား (၃ ဒသမ ၅ x ၃ = ၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ဖြင့် ဘူးခါး ကုမ္ပဏီက တာဝန်ယူ မောင်းနှင် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသော ၆၆ကေဗွီ ဓာတ်အားလိုင်း  ပြတ်တောက် ပျက်စီး သွားခဲ့ရာမှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက် ခဲ့ရသည်။ ထို့အပြင် သောင်းကျန်းသူ များက ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၂ဝက ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)မှ ဝါရှောင်- ဝိုင်းမော်သို့ သွယ်တန်းထားသော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအား ဝိုင်းမော်မြို့နယ် မန်ဝိန်း ကျေးရွာအနီး တာဝါတိုင် အမှတ် (၁၇၉)၏ အောက်ခြေအား  မိုင်းသုံး လုံးကပ်၍ ဖောက်ခွဲ ခဲ့ခြင်းကြောင့် တာဝါတိုင်မှာ (၇ဝ ဒီဂရီ)ခန့် ယိုင်နဲ့ ပျက်စီး သွားခဲ့ရာ လုံခြုံရေး အခြေအနေ အပေါ် မူတည်၍ အမြန်ပြင်ဆင် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ရာနှုန်းပြည့် စက်လည်ပတ် မောင်းနှင်ကာ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်မည့် ချီဖွေငယ် ရေအား လျှပ်စစ် စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)အား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က မသမာသူ အဖျက်သမား တစ်စုက စက်ရုံ၏ စက်အစိတ်အပိုင်း အချို့ကို ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ 

သို့ဖြစ်၍ မြစ်ကြီးနားမြို့သို့ လက်ရှိကာလတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနေသော မလိရေအား လျှပ်စစ်စက်ရုံ (ဘူးခါး ကုမ္ပဏီပိုင်) နှင့် မကြာတော့သည့် ကာလ၌ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ပေးနိုင်မည့် ချီဖွေ ငယ်စက်ရုံ(CPI ကုမ္ပဏီပိုင်)တို့ အနေဖြင့် သောင်းကျန်းသူ များကြောင့် ဖျက်ဆီး ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ မြစ်ကြီးနားမြို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ် ခဲ့ရသည့် အခြေအနေ အပေါ် မြို့ပေါ်နေ ပြည်သူများ စိတ်အေးချမ်းသာ နေထိုင် နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား အမြန် ပြန်လည် ရရှိစေရေး အတွက် နိုင်ငံတော် အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့မှ စက်ရုံများ ပြင်ဆင်နေဆဲ ကာလ အတွင်း၌ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ်အား အမြန် ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။  

http://www.myawady.net.mm/allnews/localnews/item/3566-2013-01-04-08-55-11
နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ပြည့်မီစွာ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ပြည် တွင်း/ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်၍ ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲ ကာ ဖြန့် ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ ကာလတွင် မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား (၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ကို ဖြန့်ဖြူး ပေးလျက်ရှိရာ မလိ ရေအားလျှပ်စစ် စက်ရုံ(၁)ရုံမှ စက်တပ်ဆင်အား (၃ ဒသမ ၅ x ၃ = ၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ဖြင့် ဘူးခါး ကုမ္ပဏီက တာဝန်ယူ မောင်းနှင် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ် ထားသော ၆၆ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက် ပျက်စီး သွားခဲ့ရာမှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက် ခဲ့ရသည်။ ထို့အပြင် သောင်းကျန်းသူ များက ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၂ဝက ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)မှ ဝါရှောင်- ဝိုင်းမော် သို့ သွယ်တန်းထားသော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအား ဝိုင်းမော်မြို့နယ် မန်ဝိန်း ကျေးရွာအနီး တာဝါတိုင် အမှတ်(၁၇၉)၏ အောက်ခြေအား မိုင်းသုံးလုံးကပ်၍ ဖောက်ခွဲခဲ့ခြင်းကြောင့် တာဝါတိုင်မှာ (၇ဝ ဒီဂရီ)ခန့် ယိုင်နဲ့ပျက်စီးသွားခဲ့ရာ လုံခြုံရေးအခြေအနေအပေါ် မူတည်၍ အမြန်ပြင်ဆင် ဓာတ်အား ဖြန့် ဖြူးပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိသည်။

၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ရာနှုန်းပြည့် စက်လည်ပတ် မောင်းနှင်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်မည့် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)အား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က မသမာသူ အဖျက်သမားတစ်စုကစက်ရုံ၏ စက်အစိတ်အပိုင်း အချို့ကို ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

သို့ဖြစ်၍ မြစ်ကြီးနားမြို့သို့ လက်ရှိကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေသော မလိရေအားလျှပ်စစ်စက်ရုံ (ဘူးခါး ကုမ္ပဏီပိုင်) နှင့် မကြာတော့သည့် ကာလ၌လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်မည့် ချီဖွေငယ်စက်ရုံ(CPI ကုမ္ပဏီပိုင်)တို့ အနေဖြင့် သောင်းကျန်းသူ များကြောင့် ဖျက်ဆီး ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ မြစ်ကြီးနားမြို့၌ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ် ခဲ့ရသည့် အခြေအနေ အပေါ် မြို့ပေါ်နေ ပြည်သူများ စိတ်အေး ချမ်းသာ နေထိုင် နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား အမြန် ပြန်လည် ရရှိစေရေး အတွက် နိုင်ငံတော် အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့မှ စက်ရုံများ ပြင်ဆင်နေဆဲ ကာလ အတွင်း၌ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ်အား အမြန် ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment