Friday 4 January 2013

ဂျပန်က အတိုးနိမ့်ချေးငွေ သန်းရာချီပေး


မြန်မာ အစိုးရက ဂျပန်ကို ဆပ်ဖို့ အချိန်လွန်နေတဲ့ ဒေါ်လာ သန်း ၅၇၅ဝ ကိုဇန်နဝါရီ လကုန်မှာ လျှော်ပစ် ပြီးရင်မတ်လမှာ ဂျပန် က ဒေါ်လာ ၅၇၅ သန်း တန် အတိုးနိမ့် ချေးငွေ ထပ်ပြီး ထုတ်ချေး မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန် ဒုတိယ ဝန်ကြီး ချုပ် နဲ့ ဘဏ္ဍဍာရေး ဝန်ကြီး တာရို အာဆိုက သမ္မတ ဦးသိန်းစိန် ကို ပြောကြားလိုက်ပါတယ်
။မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ဂျပန်က အပြည့်အဝကူညီသွားမှာလို့လဲ တာရိုအာဆို က ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရသစ် တက်ပြီးပြီးချင်း ပထမဆုံးထွက်တဲ့ အစိုးရခရီးစဉ် ဖြစ်ပြီး ဂျပန်က မြန်မာကို ငွေ ထုတ်ချေး မယ့် အချိန်သတ်မှတ်ချက်ကို ပထမဆုံးအကြိမ် တိတိကျကျ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

BBC (မြန်မာပိုင်း)

No comments:

Post a Comment