Friday 4 January 2013

ဂျပန်နိုင်ငံ လူဦးရေ ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း

ဂျပန်နိုင်ငံ လူဦးရေ ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း

ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ ခန့်မှန်း ပြောကြားချက်များကို ဇန်နဝါရီ ၁ ရက်က အင်တာနက် သတင်းများတွင် ဖော်ပြ ထားသည်။

ထို့ပြင် ဂျပန်နိုင်ငံရှိ ပင်စင်စား လူဦးရေ ပမာဏသည် ပိုမို များပြားလာပြီး နိုင်ငံအတွင်း အလုပ်လုပ် နိုင်သော လူဦး ရေသည် ကျဆင်းလာကြောင်း သတင်းများ အရ သိရသည်။

ဂျပန်နိုင်ငံ၏ လူဦးရေသည် ၁၂၆ သန်းခန့်ရှိပြီး ယခင်နှစ်က ကလေး မွေးဖွားမှု ဦးရေသည် ၁ဝ၃၃ဝဝဝ ခန့်ရှိ၍ သေဆုံးသူ ဦးရေသည် ၁၂၄၅ဝဝဝခန့် ရှိသည့် အတွက် တစ်နှစ်အတွင်း လူဦးရေ အသားတင် ကျဆင်းမှု နှုန်းသည် ၂၁၂ဝဝဝ ခန့်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရ သိရသည်။

၂ဝ၁၁ ခုနှစ်က ဆူနာမီ ငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံရှိ လူဦးရေ ၁၉ဝဝဝခန့် သေဆုံးခဲ့ပြီး  ထိုနှစ်တွင် လူဦးရေ ကျဆင်းမှု ၂ဝဝဝဝဝ ထိမြင့် တက်ခဲ့ကြောင်း၊ နှစ်စဉ် လူဦးရေ ကျဆင်းမှုတွင် ပထမဆုံး အကြိမ် မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ၂ဝ၁၂ ခုနှစ် လူဦးရေကျ ဆင်းမှုသည် ၂ဝ၁၁ ခုနှစ်က ထက်ပို၍ မြင့်တက်ခဲ့ကြောင်း စာရင်း ဇယားများ အရ သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့် အထက် လူဦးရေသည် ၂ဝ ရာခိုင် နှုန်းကျော် မြင့်တက် လာသောကြောင့် အလုပ်လုပ်နိုင်သော လူဦးရေမှာ ကျဆင်းသွားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် သက်ကြီး ရွယ်အို အများဆုံး ရှိသော နိုင်ငံများတွင် ဂျပန် နိုင်ငံပါဝင် ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3570-2013-01-04-09-10-42
ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ ခန့်မှန်း ပြောကြားချက်များကို ဇန်နဝါရီ ၁ ရက်က အင်တာနက် သတင်းများတွင် ဖော်ပြ ထားသည်။

ထို့ပြင်ဂျပန်နိုင်ငံရှိ ပင်စင်စားလူဦးရေ ပမာဏသည် ပိုမို များပြားလာပြီး နိုင်ငံအတွင်း အလုပ်လုပ်နိုင်သော လူဦး ရေသည် ကျဆင်းလာကြောင်း သတင်းများ အရ သိရသည်။

ဂျပန်နိုင်ငံ၏ လူဦးရေသည် ၁၂၆ သန်းခန့်ရှိပြီး ယခင်နှစ်က ကလေး မွေးဖွားမှု ဦးရေသည် ၁ဝ၃၃ဝဝဝ ခန့်ရှိ၍ သေဆုံးသူ ဦးရေသည် ၁၂၄၅ဝဝဝခန့် ရှိသည့်အတွက် တစ်နှစ်အတွင်း လူဦးရေအသားတင် ကျဆင်းမှု နှုန်းသည် ၂၁၂ဝဝဝ ခန့်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရ သိရ သည်။

၂ဝ၁၁ ခုနှစ်က ဆူနာမီငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံရှိ လူဦးရေ ၁၉ဝဝဝခန့် သေဆုံးခဲ့ပြီး ထိုနှစ်တွင် လူဦးရေ ကျဆင်းမှု ၂ဝဝဝဝဝ ထိမြင့်တက်ခဲ့ကြောင်း၊ နှစ်စဉ် လူဦးရေကျဆင်းမှုတွင် ပထမဆုံး အကြိမ် မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ၂ဝ၁၂ ခုနှစ် လူဦးရေကျ ဆင်းမှုသည် ၂ဝ၁၁ ခုနှစ်က ထက်ပို၍ မြင့်တက်ခဲ့ကြောင်း စာရင်း ဇယားများအရ သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့် အထက် လူဦးရေသည် ၂ဝ ရာခိုင် နှုန်းကျော် မြင့်တက် လာသောကြောင့် အလုပ်လုပ်နိုင်သော လူဦးရေမှာ ကျဆင်းသွားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် သက်ကြီး ရွယ်အို အများဆုံး ရှိသော နိုင်ငံများတွင် ဂျပန် နိုင်ငံပါဝင် ကြောင်း သိရသည်။

No comments:

Post a Comment