Wednesday, 14 November 2012

iPad Mini



Apple ဟာအားလုံးမျှော်လင့်နေခဲ့ကြတဲ့ mini တက်ဘလက်ကိုစတိဂျော့ဗ် မရှိတော့တဲ့   အချိန်မှာ ထုတ် လုပ်ခဲ့ ပါပြီ။ မူရင်းအရသာဖြစ်တဲ့ iPad ရဲ့ ပုံစံကိုမပျက်စေဘဲ မျက်နှာပြင်အရွယ်အစားကိုသာ အဓိက ထားလျော့ချထားတယ်လို့ဆိုနိုင်တဲ့ တက်ဘလက်တစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုဆိုရင် ပြည်တွင်းကို လည်း ရောက်ရှိလာပြီဖြစ်လို့စိတ်ဝင်စားသူများ ၀ယ်ယူနိုင်ရန်အတွက်အသေးစိတ်အချက် အလက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။
ထုတ်လုပ်မှုဒီဇိုင်း

Appleဟာဒီလိုမျိုးအသေးစားတက်ဘလက်ကိုထုတ်လုပ်မယ်ဆိုတဲ့ ကောလဟာလတွေထွက်နေတာ  အချိန်အတော်ကြာခဲ့ပါပြီ။ဒါပေမယ့်ယခုမှထွက်လာတဲ့အတွက်ဘာပဲဖြစ်ဖြစ်စောင့်စားခဲ့သူတွေအ တွက်ေ တာ့ သဘော တွေ့စရာဖြစ်စေမှာပါ။ အရွယ်အစားမျက်နှာပြင်ဟာ အခြားပြိုင်ဘက်များဖြစ်
တဲ့ Kindle Fire HD, Nexus 7 ,Galaxy Tab2 အစရှိသော တက်ဘလက်တွေကို ယှဉ်ပြိုင် နိုင်ဖို့အတွက် အဓိကထားတယ်လို့ဆိုရပါ မယ်။၇.၉ လက်မ မျက်နှာပြင်အရွယ်အစားကို အသုံးပြုထားပြီး Appleရဲ့
မူလ iPad ရုပ်ထွက်အတိုင်းပြုလုပ်ထားပါတယ်။Appleရဲ့အသုံးပြုနေကြဖြစ် တဲ့ LED Backlit နည်းပညာ   ကိုအသုံးပြုထားပြီးResolution 1024x768 pixels ရှိပါတယ်။ ပေါ့ပါးမှုအတွက်ကတော့ 7.2မီလီမီတာ သာ အထူရှိ တာမို့ ခဲတံတစ်ချောင်းလောက်ပဲထူပါတယ်။

စွမ်းဆောင်ရည်ပိုင်း

စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ အတိုင်းအံ့မခမ်းနိုင်လောက်အောင် ပါ ပဲ။ Processorကို Dual Core A5 Processor ကို အသုံး ပြုထားတဲ့အတွက် မူရင်း The New iPad ထက်နိမ့် တယ်လို့ဆိုနိုင်ပေမယ့် iPhone 4S,iPad 2 နှင့် iPad Touch တို့နှင့် စွမ်း ဆောင်ရည်ပိုင်း  အတူတူပဲဖြစ်ပါတယ်။ ထို့အပြင် အခြား ဈေးကွက် ၀င်ပြိုင်ဘက် များကိုစိန်ခေါ်နိုင်တဲ့ တက်ဘလက်ဖြစ် လာခဲ့ပါတယ်။

ကင်မရာလုပ်ဆောင်မှုအပို်င်းကိုကြည့်မယ်ဆိုရင် Appleက အသစ်မိတ်ဆက်ထားတဲ့iSlight Camera ကိုထည့်သွင်း အသုံးပြုထားပါ တယ်။ထို့အတူကင်မရာရဲ့Resolution ကလည်း 5Mp ရှိပါတယ်။Front Facing ကင်မရာကို အသုံးပြုရုံတင်ပဲHD အရည်အသွေး မြင့်ရုပ်ထွက် ကို အသုံးပြုနိုင်တယ်လို့ဆိုပါ   တယ်။ Font Facing ကင်မရာရဲ့ Resolution ကတော့ 1.5MP ရှိပါတယ်။

အခြားပါဝင်တဲ့Features ပိုင်းတွေကိုကြည့်မယ်ဆိုရင် iOS6,Siri,Air Play ,iCloud တို့အပြင် နောက်ဆုံး iPhone 5မှာ စတင်ပြောင်းလဲထားတဲ့ Lighting Connector တို့ကို အသုံးပြုထားပါတယ်။ထို့အပြင် iPad တွေမှာ အသုံးပြုထားတဲ့Smart Cover ကို iPad Mini မှာလည်း အသုံးပြုထားပါ သေးတယ်။   ဒါ့ကြောင့် မူရင်းiPad တွေကိုလိုချင်သော်လည်း ဈေးများတာပဲ ဖြစ်ဖြစ်၊ မျက်နှာပြင်ကြီးနေလို့ပဲဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှငြင်း ဆိုလို့မရနိုင်တဲ့ ဗားရှင်း တစ်မျိုးဖြစ်အောင် ဖန်တီးထားပါ တယ်။ နောက်   ဆုံးဖုန်းအသုံးပြုနိုင်တဲ့ ဗားရှင်းကိုလည်းထပ်မံ ထုတ်လုပ်မယ်လို့ဆိုပါတယ်။

Quick Spec

CPU - Dual Core A5 Chip
Storage - 16GB,32GB,64GB
Models - Wi-Fi,Wi-Fi+Cellular
Wireless -802.11b/g/n,Bluetooth 4.0
Cellular -GSM,CDMA
Display -7.9 inches
Camera -5MP,1.5MP(Front Facing)
Price -Ks 369,000(16GB)
Ks 460,000(32GB)
Ks 570,000(64GB)

Phone -KMD (01-38511,385877,245180)
 
 
ref:techspace journal

No comments:

Post a Comment