Wednesday 14 November 2012

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ

 
နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း ဒေသကြီး၊တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး တင်္သာရီမြစ်  ၏ ချောင်းလက် တက်တစ်ခုဖြစ်သော ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရှာနေသူ များတွင် ရွှေတုံး၊ ရွှေခဲများေ
တွ့ရှိနေ ရကြောင်း သိရသည်။

ယခုလက်ရှိ ဘောလူးချောင်း၌ ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည် နယ် မှ ရွှေ ရှာသူ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေ တစ်ေ သာင်းေ ကျာ် အထိ ရှိနေကြောင်း၊ ရွှေရှာသည့် ရွှေအဆိုင်း ၄၀ ကျော်ရှိပြီး တစ်ဆိုင်းလျှင် လူ ၂၀ ခန့် ၀င်ရောက် လုပ်ကိုင်ကြ ကြောင်း၊ ဘောလူးချောင်းမှာ တနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ နယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာ သင်္ဘောဦး ကျေးရွာအုပ်စုအတွင်း ပါဝင်ကာ တ နင်္သာရီမြို့နယ်မှ ရေလမ်းခရီး ၁၂ နာရီ သွားရကြောင်း သိရသည်။
“ကျွန်တော်တို့ သွားရောက်လုပ်ကိုင်တာကတော့ အခုဆိုရင် လေးလကျော်သွားပြီ ရွှေတွေကတော့ အတုံး လိုက်အခဲလိုက် တွေ့ရတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့မုဆိုးတွေ ပြောပြချက်အရဆိုရင် သူတို့ လုပ် လာ တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုရွှေအတုံးအခဲ တွေ့ရတဲ့ ဘောလူးချောင်းလိုနေရာမျိုးကို မတွေ့ ဖူး ကြောင်း၊ သူတို့တောင်အံ့သြမိကြောင်း ပြောပါတယ်။ ပုံမှန်အတိုင်း ဆို ရင် ချောင်းတစ်ေ လျှာက် မှာ ရွှေကျင်တဲ့ အပြားတွေနဲ့ အမှုန်လေးတွေကို ကျင်ယူရပေမယ့် ဒီမှာ ကတော့ ရေပန်း နဲ့ကမ်း ပါးတွေ၊ တောင်စောင်းတွေကို ထိုးချလိုက်ပြီး အောက်ကိုကျလာတဲ့ အနည်တွေ ထဲမှာ ရွှေတွေ ကို ကောက် ယူ တဲ့ပုံမျိုးဖြစ်နေပါတယ်။ အဲဒီထဲမှာ တစ်နိုင်တစ်ပိုင်လေးတွေလည်း ရွှေကျင်တဲ့အပြားလေးတွေ နဲ့ လိုက် ကျင်တာတောင် တစ်နေ့ကို အတော်လေး တွက်ခြေကိုက်ပါတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့ အမျိုး သမီးကြီးတစ်ယောက်မှာလည်း ပိဿာနဲ့ချီပြီး လေးတဲ့ ရွှေတုံးကြီးကို ရသွားသလို ဓာတ်ဗူး အရွယ်လောက် ရှိတဲ့ ရွှေတုံးကြီးကို ရသွားတဲ့သူတွေလည်း ရှိတယ်။ သိရသလောက်ကတော့ ရွှေအချိန် ၆၀ ကျပ်သားကျော်အထိ အတုံးကြီးတွေရနေတာလည်း ရှိတယ်” ဟု ဘောလူးချောင်းတွင် သွားေ ရာက်ရွှေရှာနေ သူ တနင်္သာရီဒေသခံတစ်ဦးက ပြောသည်။

ရွှေရှာသူများတွင် နေကြာစေ့အရွယ် ရွှေတုံးလေးများလည်း အများအပြားရနေကြောင်း၊ ရွှေအရည်အသွေး မှာ ၁၅ ပဲရည်ရှိကာ လာရောက်ဝယ်ယူသူများလည်းရှိကာတစ်ကျပ်သားလျှင်ကျပ်ခုနစ်သိန်းဝန်း ကျင် ဈေး ပေး  ၀ယ်နေကြောင်း သိရသည်။

“အခုဆိုရင် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအတော်များများ ရွှေရှိတဲ့ အဲဒီ နေရာ ကို သွားရောက်နေကြပြီး ရတဲ့လူတွေလည်းရှိသလို မရတဲ့လူတွေလည်းရှိတယ်လို့ သိရ တယ်။ ရွှေရှာတဲ့ နေရာမှာ ရွှေအကြောင်းနားလည်တဲ့သူက လိုက်ပြပြီး ရွှေထွက်တယ် လို့ယူဆရ တဲ့နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိပေးပြီး လုပ်ခွင့်ယူရပါတယ်။ ဒီနားမှာရှိတဲ့ တစ်နိုင်တစ်ပိုင်ဒေသခံ လက်ကျင်သမားတွေက ဒီနေရာကို ၀င်လို့မရတော့ပါဘူး” ဟု သတ္တု အကြောင်းကျွမ်းကျင်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
 
ref:EMG

No comments:

Post a Comment