Wednesday 14 November 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွား

14mt2
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို မြန်မာဘက်ခြမ်းမှ တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ် ခုနှင့်   မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ က အမည်မသိ လက်နက်ကိုင်များမှ ပစ်ခတ်သဖြင့် နယ်စပ်အထူးဆောက်လုပ်ရေးအဖွဲ့မှ ဘက် ဖိုး  စက်မောင်းသေဆုံးခဲ့ပြီး သုံးဦးပျောက်ဆုံးခဲ့ကြောင်းလည်း သိရသည်။



လက်ရှိအချိန်တွင် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့များ ယင်းနေရာတွင် တိုးချထားပြီး ပျောက်ဆုံးနေသော နယ်စပ်အထူး ဆောက်လုပ်ရေးအဖွဲ့ဝင် သုံးဦးကိုလည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်းလည်း သိရ သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့်   မြန်မာဘက်မှ နယ်စပ်လုံခြုံရေး အဖွဲ့တို့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ မှတ်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြားတွင် ဖြစ်ပွား ခဲ့ခြင်ြး ဖစ်ပြီး သေ  ဆုံးဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီ အချိန်တွင် အဆိုပါမှတ်တိုင် အမှတ် ၅၁ နှင့် ၅၂ ကြားတွင် လက်နက်ကိုင်ဟု ယူဆရသည့် အဖွဲ့ တစ်ခု သွားလာနေသည့် ဓာတ်မီးရောင်များကို မြင်တွေ့သဖြင့် မြန်မာ့နယ်စပ် လုံခြုံရေးအဖွဲ့မှ သေနတ် တစ် ချက် ပစ်ခတ်ရာ ယင်းအမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်သုံးချက် ပြန်လည်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်းလည်း သိရသည်။

ယင်းနောက်ပိုင်းတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်များ တိုးချထားပြီး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။နိုဝင်ဘာလ ၈ ရက်နေ့က နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂ လားဒေ့ရှ်နယ် ခြားစောင့်တပ်ဖွဲ့တို့သည် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ဂျီအီး တပ်သားသုံးဦး အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဘင်ခရိုင် တောင်ဘက်ပိုင်း လိမော်ဆရီး ဘီဂျီပီ စခန်းတွင် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းေ ဆွးနွေး   ပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သားသုံးဦး ပြန်လည်လွတ်မြောက်ရေးကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည်ဟု ယူဆရသော ပျောက်ဆုံးနေသူ သုံးဦးမှာ သတင်းအစအန မရရှိသေးကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာစစ်သံရုံးမှ တစ်ဆင့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း မှူးဇော်၏ ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံခဲ့ရသည့် နိုဝင်ဘာလ ၆ ရက်နေ့မှစကာ နယ်မြေခံ နစက အပါအ၀င် နည်းဗျူဟာတစ်ခုနှင့် တပ်ရင်း ၅ ခုက နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အခင်းဖြစ် ပွားခဲ့ ရာ နေရာများတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးဆောက်လုပ်ရေး နယ်စပ်အထူး ဆောက် လုပ်ရေး အဖွဲ့သည် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားကာ ဆောက်လုပ်ရေး ၀န်ထမ်းများလည်း နိုဝင်ဘာ လ ၇ရက်နေ့မှစကာ နယ်စပ်မှ ပြန်လည်ဆုတ်ခွာလာကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းများအရ ဘူးသီးတောင်၊ မောင်တောမှတစ် ဆင့် မောင်တောမြို့ နယ် မြောက်ပိုင်း သို့ ခရီးသည်အသွားအလာ မရှိသဖြင့် ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိမောင်တောမြို့ အခြေအနေမှာ ပုံမှန်အနေအထား ရှိနေပြီး မောင်တော-တက္ကနာပ် ကူးတို့မော်တော် များ ပုံမှန်ပြေးဆွဲနေပြီး နေ့ချင်းပြန် တစ်နိုင်တစ်ပိုင် သွားလာမှုများ ရှိနေကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှာလည်း ပုံမှန်အတိုင်းရှိနေပြီး ကုန်သွယ်မှုမှာ ကျဆင်းလျက်ရှိကြောင်းလည်း သိရသည်။
“နယ်စပ်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ ခြံစည်းရိုး ဆောက်လုပ်ရေးအဖွဲ့တွေလည်း နယ်စပ်က ပြန်လာတာတွေ့ပါတယ်။ ကျွန်တော်တို့ရွာမှာတော့ တည်ငြိမ်နေပါတယ်။ လုံခြုံရေးတွေလည်း ရှိတယ်။ ကားအသွားအလာလည်း ရှိပါတယ်။ အထက်ပိုင်းသို့သာ မရှိတာပါ” ဟု တမန်းသားကျေးရွာသား တစ်ဦးက ပြောသည်။

နယ်နိမိတ် ခြံစည်းရိုးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း နတ်မြစ်ဝ မြန်မာဘက်ကမ်းမှ စတင်တည်ဆောက်ခဲ့ပြီး တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ဘူးသီးတောင်မြို့နယ်၊ ချင်းပြည်နယ် ပလက် ၀မြို့နယ်အတွင်းထိ ပါဝင်ကြောင်း သိရသည်။ ကီလိုမီတာ ၃၀၀ ကျော် ရှည်လျားသည့် နယ်စပ်ခြံစည်းရိုး မှာ ယခုအခါ နယ်စပ်မှတ်တိုင် ၇၀ အနီး အထိ ကာရံထားပြီး ဖြစ်ကြောင်းလည်း သိရသည်။  


ref:EMG

No comments:

Post a Comment