Wednesday 14 November 2012

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Microsoft နှင့် လမ်းခွဲရသည့် အကြောင်းအရင်းကို ကုမ္မဏီရော စတီဗန်ပါ မပြောကြားခဲ့ချေ။ Windows 8 မိတ်ဆက်ပွဲတွင် စတီဗန်မှ ဦးဆောင်၍ မိတ်ဆက်ပေးခဲ့ပြီး Microsoft အတွက် သမိုင်းသစ် ဖန်တီးပေးခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စ၍ Microsoft တွင် ဆော့ဖ်ဝဲ ဒီဇိုင်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် Windows -Division အတွက် ဥက္ကဌရာထူး အခန့် အပ်ခံခဲ့ရသည်။

Windows 7, Windows Phone 7 OS, Windows 8, Windows Phone 8 OS တို့ကို ဖန်တီးကာ ကမ္ဘာ့အိုင်တီလောက၏ ပြောင်းလဲမှုများတွင် အခန်းကဏ္ဍ ကြီး တစ်ခု အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ " သူဟာ Microsoft အတွက် အတော်အားကိုးရတဲ့ သူတစ်ယောက်ပါ၊ သူ့ရဲ့ လုပ်ဆောင် ချက်များဟာ Microsoft ကုမ္မဏီအတွက် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါတယ်" ဟု Microsoft စီအီးအို Steve Ballmer မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"Microsoft နဲ့ လက်တွဲလုပ်ကိုင်ရတာ ကျွန်တော့အတွက် ကြီးမားတဲ့ ဆုလဒ် တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ အားပေးထောက်ပံ့မှုသာ မရှိရင်လည်း ကျွန်တော် ဒီအခြေအနေကို ရောက်မလာနိုင်ပါဘူး။ ရာထူးက နှုတ်ထွက်ပေမယ့် Microsoft ဟာ ကျွန်တော့ ဘဝရဲ့ အမှတ်တရ တစ်ခု အဖြစ် ကျန်ရှိနေမှာပါ" ဟု စတီဗန်လည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

စတီဗန်သည် အသက် ၄၆-၄၇ ဝန်းကျင်သာ ရှိသေးပြီး အရွယ်ကောင်းဆဲ ကာလ ဖြစ်သည်။ ထို့ကြောင်း Microsoft နှင့် လမ်းခွဲပြီးနောက် အနားယူမည်လား၊ အခြား ကုမ္မဏီတစ်ခုနှင့် ပူးပေါင်းမည်လား သို့တည်းမဟုတ် ကိုယ်ပိုင် ကုမ္မဏီတစ်ခု တည်ထောင်ချေ ရှိမရှိကို အများက စိတ်ဝင်တစား ရှိလျက် ရှိကြောင်း သိရသည်။
---
Ref: microsoft.com

TechSpace Journal

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။

Microsoft နှင့် လမ်းခွဲရသည့် အကြောင်းအရင်းကို ကုမ္မဏီရော စတီဗန်ပါ မပြောကြားခဲ့ချေ။ Windows 8 မိတ်ဆက်ပွဲတွင် စတီဗန်မှ ဦးဆောင်၍ မိတ်ဆက်ပေးခဲ့ပြီး Microsoft အတွက် သမိုင်းသစ် ဖန်တီးပေး ခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စ၍ Microsoft တွင် ဆော့ဖ်ဝဲ ဒီဇိုင်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် Windows -Division အ တွက် ဥက္ကဌရာထူး အခန့် အပ်ခံခဲ့ရသည်။

Windows 7, Windows Phone 7 OS, Windows 8, Windows Phone 8 OS တို့ကို ဖန်တီးကာ ကမ္ဘာ့ အိုင်တီလောက၏ ပြောင်းလဲမှုများတွင် အခန်းကဏ္ဍ ကြီး တစ်ခု အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ " သူဟာ Microsoft အတွက် အတော်အားကိုးရတဲ့ သူတစ်ယောက်ပါ၊ သူ့ရဲ့ လုပ်ဆောင် ချက်များဟာ Microsoft ကုမ္မဏီ အတွက် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါတယ်" ဟု Microsoft စီအီးအို Steve Ballmer မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"Microsoft နဲ့လက်တွဲလုပ်ကိုင်ရတာကျွန်တော့အတွက် ကြီးမားတဲ့ဆုလဒ် တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft ရဲ့  အားပေးေ ထာက်ပံ့မှုသာ မရှိရင်လည်း ကျွန်တော် ဒီအခြေအနေကို ရောက်မလာနိုင်ပါဘူး။ ရာထူး က နှုတ် ထွက်ပေ မယ့် Microsoft ဟာ ကျွန်တော့ ဘဝရဲ့ အမှတ်တရ တစ်ခု အဖြစ် ကျန်ရှိနေမှာပါ" ဟု စတီဗန် လည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

စတီဗန်သည် အသက် ၄၆-၄၇ ဝန်းကျင်သာ ရှိသေးပြီး အရွယ်ကောင်းဆဲ ကာလ ဖြစ်သည်။ ထို့ကြောင်း Microsoft နှင့် လမ်းခွဲပြီးနောက် အနားယူမည်လား၊ အခြား ကုမ္မဏီတစ်ခုနှင့် ပူးပေါင်းမည်လား သို့တည်းမ ဟုတ် ကိုယ်ပိုင် ကုမ္မဏီတစ်ခု တည်ထောင်ချေ ရှိမရှိကို အများက စိတ်ဝင်တစား ရှိလျက် ရှိကြောင်း သိရသည်။
---
Ref: microsoft.com, TechSpace Journal

No comments:

Post a Comment