နိုဝင်ဘာ ၁၂ရက်နေ့ ညနေ
၎နာရီ ၃၀မိနစ် အချိန်၌ ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံကို အချိန်မှီ
ဝိုင်းဝန်း ဖမ်းဆီး နိုင်ခဲ့သော်လည်း ၊ ဆိုင်အရောင်း ၀န်ထမ်းမှာမူ
ကျောဝဲဘက်ထိုးသွင်း ဒဏ်ရာ ၁ချက်၊ နဖူးပွန်းခြစ် ဒဏ်ရာ၊ ယာတံတောင် ဖူးယောင်
နာကျင်ဒဏ်ရာများ ရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တက်ရောက်
ကုသနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရရှိသည့် သတင်းများ အရ တရားခံဟု ယူဆရသူမှာ ဆိုင် သို့ ပစ္စည်းလက်ဆောင်ပေးရန် လာကြည့်ပြီး ပြန်လည်းထွက်သွားကာ နောက်တစ်ခေါက် ပြန်လာပြီး ဓားေ ထာက် လုယက်ခြင်း ဖြစ်သည်ဟုသိရသည်။
ကမာရွတ် ရဲစခန်းက (ပ) ၄၉၆/၁၂ ပုဒ်မ ၃၉၄ နှင့် (ပ) ၄၉၇/၁၂ လက်နက် ပုဒ်မ - ၁၉(င)ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ်မောင်မောင်စိုး က တရားခံကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။

ref:popular
No comments:
Post a Comment