Wednesday 14 November 2012

အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ


အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ 

(နိုင်ငံတကာ သတင်း သုံးသပ်ချက်)

ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ်အားပြန်လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

အစ္စရေး စစ်တပ်သည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ လက်နက်များ ကျရောက် ပေါက်ကွဲမှုကြောင့် လွန်ခဲ့သည့် သီတင်းပတ် အကုန်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အမြောက်ဆန် များသည် ပိုင်နက် အတွင်း ဆက်လက် ပေါက်ကွဲ လျက် ရှိ သောကြောင့် နိုဝင်ဘာ ၁၂ ရက်က အစ္စရေး တင့်ကား တစ်စီးက  တုံ့ပြန် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ဆီးရီးယား စစ်ကား တစ်စီးကို ထိမှန် ခဲ့သည်။

အစ္စရေး အစိုးရသည် လပေါင်း ၂ဝ နီးပါးကြာ ဖြစ်ပွား လျက်ရှိသည့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ဆွဲသွင်း မခံရစေရန် အထူး ဂရုစိုက်၍ ရှောင်ရှား ခဲ့သည်။ သို့သော် မကြာမီရက်များ အတွင်းက ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ဆီးရီးယား ဘက်မှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ကျရောက် ပေါက်ကွဲ မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း သီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ပြီး ထိတ်လန့်မှုများ ဖြစ်ပွား ခဲ့ရသည်။

တစ်ချိန်တည်း မှာပင် အာဆတ် အစိုးရသည် အစ္စရေးနှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ရပ် ဖန်တီးပြီး အစ္စရေး တို့အား တိုက်ခိုက်ရန် အတွက် လက်ဘနွန်မှ ဟစ်ဇဘိုလာ ပြောက်ကျားများနှင့် ဂါဇာ ကမ်းမြောင် ဒေသရှိ ဟားမားစ်  စစ်သွေးကြွများ အတွက် လမ်းဖွင့်ပေးရန် ကြိုးပမ်း နိုင်ဖွယ် ရှိသည် ဟူသော စိုးရိမ်မှု များလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် ဆီးရီးယား အစိုးရသည် ၎င်းတို့၏ ဓာတု လက်နက်များကို အစ္စရေး တို့အား တိုက်ခိုက်ရန် အသုံးပြု လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေး ထားသည်။ အလားတူပင် ပြည်တွင်း စစ်တွင် အတိုက်အခံ များက အနိုင် ရရှိပြီး အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက ဆီးရီးယား နိုင်ငံသည်  အစွန်း ရောက်များ သို့မဟုတ် သဘောထား မတူညီသည့် အုပ်စုများ အကြား တိုက်ခိုက်မှုများ အတွင်းသို့ ကျရောက် သွားမည်ကို  အစ္စရေး တို့က စိုးရိမ်လျက် ရှိသည်။

နိုဝင်ဘာလ အစောပိုင်း တွင်လည်း ဆီးရီးယား တင့်ကား သုံးစီးသည် ဂိုလန် ကုန်းမြင့် ဒေသရှိ စစ်မဲ့ဇုန် အတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့အပြင် အခြား ဖြစ်ရပ် တစ်ခု တွင်လည်း အစ္စရေး ကင်းလှည့်ယာဉ် တစ်စီးအား ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုသည် မတော်တဆမှု အဖြစ်  အစ္စရေးက မှတ်ယူ ခဲ့သည်။

သို့ရာတွင် အစ္စရေး ထိန်းချုပ် နယ်မြေ အတွင်းသို့ ဆီးရီးယားမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ဆက်တိုက် ကျရောက်မှုသည် အစ္စရေးနှင့် ဆီးရီးယား အကြား တင်းမာမှု များကို မြင့်တက် စေပြီး တုံ့ပြန် ပစ်ခတ်မှု များကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုံးသပ် ရပါ သည်။  ။

http://www.myawady.com.mm/all-news/international/2012-11-14-02-42-04
ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက် တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ် အားပြန် လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။
အစ္စရေး စစ်တပ်သည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ လက်နက်များ ကျရောက် ပေါက်ကွဲမှုကြောင့် လွန်ခဲ့ သည့် သီတင်းပတ် အကုန်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အမြောက်ဆန် များသည် ပိုင်နက် အတွင်း ဆက်လက် ပေါက်ကွဲ လျက် ရှိ သောကြောင့် နိုဝင်ဘာ ၁၂ ရက်က အစ္စရေး တင့်ကား တစ်စီးက တုံ့ပြန် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ဆီးရီးယား စစ်ကား တစ်စီးကို ထိမှန် ခဲ့သည်။

အစ္စရေး အစိုးရသည် လပေါင်း ၂ဝ နီးပါးကြာ ဖြစ်ပွား လျက်ရှိသည့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ဆွဲ သွင်း မခံရစေရန် အထူး ဂရုစိုက်၍ ရှောင်ရှား ခဲ့သည်။ သို့သော် မကြာမီရက်များ အတွင်းက ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ဆီးရီးယား ဘက်မှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ကျေ ရာက် ပေါက်ကွဲ မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း သီးနှံ စိုက်ခင်းများ ပျက် စီး ခဲ့ပြီး ထိတ်လန့်မှုများ ဖြစ်ပွား ခဲ့ရသည်။

တစ်ချိန်တည်း မှာပင် အာဆတ် အစိုးရသည် အစ္စရေးနှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ရပ် ဖန်တီးပြီး အစ္စရေး တို့အား တိုက်ခိုက်ရန် အတွက် လက်ဘနွန်မှ ဟစ်ဇဘိုလာ ပြောက်ကျားများနှင့် ဂါဇာ ကမ်ြးေ မာင် ဒေသရှိ ဟားမားစ် စစ်သွေးကြွများ အတွက် လမ်းဖွင့်ပေးရန် ကြိုးပမ်း နိုင်ဖွယ် ရှိသည် ဟူသော စိုးရိမ် မှု များလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် ဆီးရီးယား အစိုးရသည် ၎င်းတို့၏ ဓာတု လက်နက်များကို အစ္စရေး တို့အား တိုက်ခိုက်ရန် အသုံးပြု လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေး ထားသည်။ အလား တူပင် ပြည်တွင်း စစ်တွင် အတိုက်အခံ များက အနိုင် ရရှိပြီး အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက ဆီးရီး ယား နိုင်ငံ သည် အစွန်း ရောက်များ သို့မဟုတ် သဘောထား မတူညီသည့် အုပ်စုများ အကြား တိုက်ခိုက်မှု များ အတွင်းသို့ ကျရောက် သွားမည်ကို အစ္စရေး တို့က စိုးရိမ်လျက် ရှိသည်။

နိုဝင်ဘာလ အစောပိုင်း တွင်လည်း ဆီးရီးယား တင့်ကား သုံးစီးသည် ဂိုလန် ကုန်းမြင့် ဒေသရှိ စစ်မဲ့ဇုန် အတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့အပြင် အခြား ဖြစ်ရပ် တစ်ခု တွင်လည်း အစ္စရေး ကင်းလှည့်ယာဉ် တစ်စီး အား ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုသည် မတော်တဆမှု အဖြစ် အစ္စရေးက မှတ်ယူ ခဲ့သည်။

သို့ရာတွင် အစ္စရေး ထိန်းချုပ် နယ်မြေ အတွင်းသို့ ဆီးရီးယားမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ဆက် တိုက် ကျရောက်မှုသည် အစ္စရေးနှင့် ဆီးရီးယား အကြား တင်းမာမှု များကို မြင့်တက် စေပြီး တုံ့ပြန် ပစ်ခတ်မှု များကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုံးသပ် ရပါ သည်။ ။

ref:မြ၀တီ

No comments:

Post a Comment