Wednesday 14 November 2012

တနင်္သာရီကမ်းရိုးတန်းဒေသများနှင့်မွန်ပြည်နယ်ဒေသအချို့တွင် မိုးသက်လေပြင်းကျရောက်နိုင်


ရန်ကုန်၊ နိုဝင်ဘာ - ၁၄

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သောမုန်တိုင်းကြောင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

မုန်တိုင်းသည် ဗီယက်နမ်ကမ်းခြေသို့ ၀င်ရောက်နေပြီဖြစ်ပြီး ထိုမှတစ်ဆင့် တနင်္သာရီကမ်းရိုးတန်းနှင့်မွန်ပြည်နယ် မုတ္တမကွေ့တို့တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။


ထို့အပြင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း မြန်မာနိုင်ငံ၏ ပုသိမ်မြို့ အနောက်ဘက် မိုင် ၃၀၀ အကွာတွင် မုန်တိုင်းဖြစ်နိုင်သော အခြေအနေ ရှိသည်ကို တွေ့ရှိရပြီး မုန်တိုင်းဖြစ်၊ မဖြစ် နှစ် ရက် အကြာေ စာင့်ကြည့်ရန်လိုကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။


နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းအချိန် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာ သွန်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင် ၀က်ဆိုက်ဒ်တွင်လည်း ဖော်ပြထားသည်။
 
ref:7daynews

No comments:

Post a Comment