ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ကာတွန်းပြပွဲနှင့် ကာတွန်းပြိုင်ပွဲကိုရန်ကုန်မြို့လမ်းမတော် ၁၃ လမ်းတွင်နိုဝင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက် တိုင် ပြု လုပ် ခဲ့ရာ
လာရောက်ကြည့်ရှုအားပေးသူ များပြားခဲ့သည်ဟု သတင်း ရရှိသည်။
အဆိုပါကာတွန်းပြပွဲတွင် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြပြီး
ကာတွန်းလက်ရာများသာမက ဖော်ပြခြင်းမရှိသေးသည့် ကာတွန်း လက်ရာ များကိုလည်း
ပြသခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကာတွန်းပြိုင်ပွဲ ကိုလည်း
ထည့်သွင်းပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကာတွန်းလက်ရာများကိုပါ တစ်ပါတည်း
ပြသထားခဲ့သည်။''ကာတွန်းဆရာကြီး ဦးဘဂျမ်းဆိုတာ ကျွန်တော်တို့အားလုံး လေးစားရတဲ့ ကာတွန်းဆရာကြီးပါ။ ဆရာ ကြီးရှိစဉ်တုန်းက သတင်းစာ၊ ဂျာနယ်တွေမှာဖော်ပြခွင့်မရတဲ့ ကာတွန်းလက်ရာတွေကို ပရိသတ်တွေ ဖတ်ခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ကာတွန်းပြပွဲကို စပြီးလုပ်ခဲ့တာပါ။ အခု ဆရာကြီး မရှိတော့တဲ့အချိန်မှာ ဆရာကြီးပျိုးထောင်ခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ကာတွန်းပြပွဲကို လုပ်ဖြစ်တာပါ။ အခုနှစ်မှာ ထူးခြားမှုအနေနဲ့ ကာတွန်းပြိုင်ပွဲကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။
ပေးပို့ယှဉ်ပြိုင်လာတဲ့ ကာတွန်းလက်ရာတွေကလည်း တော်တော်လေးကောင်းကြ ပါတယ်။ သုံးရက်လုံးမှာ ပရိသတ်အများအပြား လာကြည့်ကြတာတွေ့ရတဲ့ အတွက် တော်တော်လေးကို ၀မ်းသာမိပါတယ်'' ဟု ကာတွန်းရွှေမင်းသားက ရှင်းပြခဲ့ပါသည်။
ထို့အပြင် ကာတွန်းပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သည့် သာကေတမြို့နယ်မှဒေါ်မိုးမိုးကလည်း “ဦးဘဂျမ်းလမ်းကာတွန်းပြပွဲဆိုတာ အန်တီတို့ငယ်ငယ်ကတည်းက အစဉ်အလာမပြတ် ရှိခဲ့တာ ပါ။ နှစ် အတန်ကြာ ဒီအစဉ်အလာပျက်သွားပြီးတဲ့နောက် အခုနှစ်ပိုင်းတွေမှာ ဒီအစဉ်အလာလေး
ပြန်တွေ့ရတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ဒါကြောင့်လည်း ကိုယ်တိုင်လာကြည့်ဖြစ်တာပါ။ ကာတွန်းလက်ရာတွေကလည်း အင်မတန်မှကို ကောင်းပါတယ်။ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံတဲ့ ကာတွန်းတွေဖြစ်တဲ့အတွက် ဖတ်ရတဲ့သူတွေအတွက်လည်း အရမ်းကိုစိတ်ဝင်စား စရာ ကောင်းပါတယ်'' ဟု သူ၏အမြင်အား သုံးသပ်ခဲ့ပါသည်။
ဦးဘဂျမ်း လမ်းကာတွန်းပြပွဲတွင် ၀ါရင့်ကာတွန်းပညာရှင်များသာမက မျိုးဆက်သစ် ကာတွန်း ပညာရှင် များ၏ ကာတွန်းလက်ရာများကိုလည်း ထည့်သွင်းပြသခဲ့သည်။ ထို့အပြင် ကာတွန်းပြိုင်ပွဲ ဖိတ်ခေါ်ခဲ့ရာ ပထမဆု ချိန် (MLM)၊ ဒုတိယဆု ဌေးဝင်းဇော်၊ တတိယဆု ရွှေလူ၊ စတုတ္ထဆု ဆန်းလင်း၊ ပဉ္စမဆု အောင်ဇေယျတို့ ရရှိခဲ့သည်ဟု သိရှိရသည်။
Eleven Media Group
No comments:
Post a Comment