Monday 3 December 2012

ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်


၁-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေကျေးရွာနှင့် ကထန်ယန်ကျေး ရွာကြား ရှိ လင်းလက်ဝင်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း ကုမ္ပဏီပိုင်ထင်းနှင့် အခြားပစ္စည်း အဟောင်းများထားရှိသည့် အလျား(၃၅)ပေ၊ အနံ(၂၅)ပေရှိ (၄x၃)ခန်း အကာမရှိ မြေစိုက်၊ သွပ်မိုး
အဆောင်တွင် ၀ါယာကြိုးရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးခင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကုမ္ပဏီဝန်ထမ်းများနှင့်ကျေးရွာသူ/သားတို့မှ မီးငြှိမ်းသတ်ခဲ့ရာ ၂၂၄၅ အချိန် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိသော်လည်း ဆုံးရှုံးမှုတန်ဖိုး(၇) သိန်း ကျပ်ခန့်  ဖြစ်ကြောင်း သတင်းရရှိသည်။

  Facebook

No comments:

Post a Comment