Monday 3 December 2012

အီဂျစ် နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည်

Photo: အီဂျစ် နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည်
Monday, 03 December 2012

အီဂျစ် နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ခုကို ဒီဇင်ဘာ ၁၅ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အီဂျစ် သမ္မတ မိုဟာမက် မော်စီက ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာ ချက်အား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ International Conference Center" ၌ တိုင်းပြုပြည်ပြု လွှတ်တော် CA အဖွဲ့ဝင်
၈၅ ဦးနှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ် ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်းအား လွှတ်တော် အဖွဲ့ဝင် များက ထောက်ခံ ပေးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်သည် အချက်အလက် ပြည့်စုံပြီး အီဂျစ်နိုင်ငံ သားများ အားလုံး ကိုယ်စားပြု ထားကြောင်း၊ သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာကို လျှော့ချ၍ လွတ်လပ်စွာ တရား စီရင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး တို့ဖြင့် နိုင်ငံအား တရားမျှတစွာ အုပ်ချုပ်ရေးတွင် ဥပဒေ သစ်ကို ကျင့်သုံး သွားမည် ဖြစ်ကြောင်း မော်စီက ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့အပြင် မိမိအား သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခဲ့သော အီဂျစ် နိုင်ငံသား များကို လည်း ကျေးဇူး တင်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ အီဂျစ် နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ခုကို ဒီဇင်ဘာ ၁၅ရက်တွင် ကျင်းပ သွား မည်  ဖြစ်ကြောင်း အီဂျစ် သမ္မတ မိုဟာ မက် မော်စီက ထုတ်ပြန် ကြေ ညာ ခဲ့သည်။
အဆိုပါ ထုတ်ပြန် ကြေညာ ချက်အား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ Inter national Conference Center" ၌ တိုင်းပြုပြည်ပြု လွှတ်တော် CA အဖွဲ့ဝင်၈၅ ဦးနှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ် ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်းအား လွှတ်တော် အဖွဲ့ဝင် များ က ထောက် ခံ ပေးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်သည် အချက်အလက် ပြည့်စုံပြီး အီဂျစ်နိုင်ငံ သားများ အားလုံး ကိုယ်စားပြု ထားကြောင်း၊ သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာကို လျှော့ချ၍ လွတ်လပ်စွာ တရား စီရင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး တို့ဖြင့် နိုင်ငံအား တရားမျှတစွာ အုပ်ချုပ်ရေးတွင် ဥပဒေ သစ်ကို ကျင့်သုံး သွားမည် ဖြစ်ကြောင်း မော်စီက ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့အပြင် မိမိအား သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခဲ့သော အီဂျစ် နိုင်ငံသား များကို လည်း ကျေးဇူး တင် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment