Monday 3 December 2012

ဟင်္သာတမြို့နယ်၌ လူနာတင်ကားလိုအပ်နေကြောင်း မြို့နယ်သွေးလှူရှင် အသင်းကထုတ်ဖော်အကူအညီတောင်းခံ


Photo: ဟင်္သာတမြို့နယ်၌ လူနာတင်ကားလိုအပ်နေကြောင်း မြို့နယ်သွေးလှူရှင် အသင်းကထုတ်ဖော်အကူအညီတောင်းခံ
Monday, 03 December 2012

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိမြို့နယ်သွေးလှူရှင်  အသင်းမှ မြို့နယ်အတွင်းရှိကျေး လက်နေပြည်သူတို့အတွက် ကျန်းမာရေးအကျိုးပြု
ဆောင်ရွက်  ရန် ဆေးရုံအတွက် သီးခြားမဟုတ်သော လူမှုရေး
အသင်းအဖွဲ့များ အတွက်အရေးပေါ်လူနာတင်ယာဉ် များလိုအပ်နေကြောင်း ထုတ်ဖော်ပြောဆို၍ အကူအညီတောင်းခံ လိုက်ကြောင်း သိရသည်။

အဆိုပါဟင်္သာတမြို့နယ် သွေးလှူရှင်အသင်းကို ၂၀၀၃ ခုနှစ်
နိုဝင်ဘာလတွင် စတင်၍ ခရိုင်အုပ်ချုပ်ရေးအဆင့်၏ညွှန် ကြားချက်အရ
စေတနာရှင်များ ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သွေးသွင်းကုသရန် လိုအပ်သော လူနာများအား ကူညီပေးနိုင်ခဲ့ရာ  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှစ၍ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံဝင်း  အတွင်းရှိ စက်္ခုပါလာဒိလူနာများ  နားနေဆောင်၌ ရုံးခန်းဖွင့်၍ နေ့စဉ်ကူညီစောင့်ရှောက်မှုပေးနေ ပြီး ယင်းမြို့နယ်သွေးလှူရှင်အသင်း  အနေဖြင့် သွေးလိုအပ်သော အရေးပေါ်လူနာများသို့လည်း လိုအပ်သောသွေးအပြင်အောက်စီ ဂျင်နှင့် စောင့်ရှောက်မှုအကူအညီ  များပါ ပေးအပ်ကူညီဖြည့်ဆည်း လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

“အရင်က ရုံးခန်းရယ်လို့ သီးခြားမရှိတော့ သွေးလိုတဲ့သူရှိ ရင်အလှူရှင်ကို လိုက်ရှာရာတာ  အိမ်လိုက်ခေါ်ရတာရှိတော့ အချိန်  ကြာခဲ့တယ်။ အဲဒါနဲ့ ခရိုင်/မြို့နယ်  အုပ်ချုပ်ရေးတွေကို တင်ပြပြီး ဆေးရုံအုပ်ကြီးနဲ့ ညှိနှိုင်းပြီးတော့
ဆေးရုံဝင်းထဲမှာ ရုံးခန်းဖွင့်ခွင့်စရ ပါတယ်။

လူနာတွေအတွက်လဲ  သောကများ တာတွေသက်သာ သွားစေတာပေါ့။
သွေးရှာရတာ လည်း မြန်သွားတယ်။ ဇလွန်ကား တိုက်မှုက လူနာ (၆) ယောက် ဟင်္သာတဆေးရုံကို ရောက်တော့  သွေးလိုအပ်နေတဲ့ အရေးပေါ်လူ နာတွေပါနေတော့ သွေး (၁၅) ပုလင်းရှာဖွေလှူနိုင်ခဲ့တယ်။ 

အဲဒီ  လူနာတွေကို သင်္ဃန်းကျွန်းဆေး ရုံကို သယ်တဲ့အထိ လိုအပ်တဲ့
အောက်စီဂျင်ကအစလူနာသယ် တာ၊ စောင့်ရှောက်ပေးတာတွေ ကို အပြီးသတ်ကူညီနိုင်ခဲ့ပါတယ်။  လိုအပ်ချက်အနေနဲ့ကတော့ ဆေးရုံအတွက် သီးခြားမဟုတ်ဘဲ  မြို့နယ်က အရေးပေါ်လူနာတွေ အတွက် ရတဲ့ ကားနဲ့ သယ်ဆောင် ရတော့ လူနာအတွက်လည်းမသက်  သာပါဘူး။ အဆင်မပြေကြဘူး လေ။ စေတနာထက်သန်တဲ့ အလှူရှင်များအနေနဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန် အမွန်  မြတ်ဆုံးပါ”ဟု ဟင်္သာတမြို့နယ် သွေးလှူရှင်အသင်းဥက္ကဋ္ဌဦးမင်းဉာဏ်ကပြောကြားခဲ့သည်။

“အသင်းအနေနဲ့ လက်ရှိမှာ သွေးအုပ်စုမျိုးစုံပါတဲ့ အသင်းဝင် (၇၈၀) ဦးရှိနေပါပြီ။ မြို့နယ်အသင်း  စတင်ချိန်က လက်ရှိအထိ အရေးပေါ်
သွေးလိုအပ်တဲ့ လူနာတွေ အတွက် သွေးပုလင်း (၇၄၀၀) ကျော် ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။  ဇလွန်ကယာဉ်တိုက်မှုဆိုရင် ဟင်္သာတ
ဆေးရုံလွှဲတော့ကလေး တစ်ယောက်ပါလာလို့ဥက္ကဋ္ဌကိုယ်တိုင်ချီပိုး
စောင့်ရှောက်ပေးခဲ့တာ။  သွေးရောအားလုံးပဲကူညီပေးခဲ့ တယ်။ 
သူတို့မှာ အရေးပေါ်ဖြစ်တော့ အစောင့်မပါလာဘူးလေ။  အားလုံးကို ရန်ကုန်လွှဲတဲ့အထိ  ကူညီပေးခဲ့ပါတယ်”ဟု အဆိုပါ အသင်း၏ ဒုဥက္ကဋ္ဌဦးအောင်နိုင် ကျော်ကရှင်းပြသည်။

ယင်းအသင်းအနေဖြင့် အရေးပေါ်လူနာများအတွက် လိုအပ်သော
သွေးပုလင်းများကို အချိန်မီအမြန်ဆုံးရရှိစေနိုင်ရန် ဦးစားပေးဆောင်ရွက်
လျက်ရှိပြီး သွေးသွင်းကုသရန်လိုအပ်သော လူနာများအတွက်
သွေးစစ်ဆေးခ ကုန်ကျစရိတ် (၄၀၀၀ ကျပ်)ကျသင့် နေရာ
ဆင်းရဲနွမ်းပါးသော လူနာ များအတွက် ကုန်ကျစရိတ်ငွေအား
ထောက်ပံ့လှူဒါန်းနိုင်ရန် ပြည်ခိုင် ဖြိုးပါတီဒုဥက္ကဋ္ဌဦးဌေးဦးနှင့် အလှူရှင်များက အလှူငွေ (၃၂) သိန်းကျပ်ကို မတည်လှူဒါန်းပေး ခဲ့ကြောင်း၊ သွေးအတွက်လိုအပ်မှု များနှင့် အရေးပေါ်လူနာများအတွက်  လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်  ရန်အားထုတ်ဆောင်ရွက်လျက်ရှိရာ အကူအညီလိုအပ်သူများနှင့် အလှူရှင်များအနေဖြင့် အဆိုပါအသင်းသို့
ဆက်သွယ်တောင်းခံနိုင် ပါကြောင်းလည်း အသင်းတာဝန် ရှိသူတို့ထံက သိရပါသည်။


အောင်ကိုခန့်(ဥပဒေ)
Hot News
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိမြို့နယ်သွေးလှူရှင် အသင်းမှ မြို့နယ်အတွင်းရှိကျေး လက်နေပြည်သူတို့အတွက် ကျန်းမာရေး အကျိုးပြုဆောင်ရွက် ရန် ဆေးရုံအတွက် သီးခြားမဟုတ်သော လူမှုရေး
အသင်းအဖွဲ့များ အတွက်အရေးပေါ်လူနာတင်ယာဉ် များလို အပ်နေကြောင်း ထုတ်ဖော်ပြောဆို၍ အကူအညီတောင်း ခံလိုက်ကြောင်း သိရသည်။

အဆိုပါဟင်္သာတမြို့နယ် သွေးလှူရှင်အသင်းကို ၂၀၀၃ ခုနှစ်နိုဝင်ဘာလတွင် စတင်၍ ခရိုင်အုပ်ချုပ်ရေး အဆင့်၏ညွှန် ကြားချက်အရစေတနာရှင်များ ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သွေးသွင်းကုသရန် လိုအပ်သော လူနာများအား ကူညီပေးနိုင်ခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှစ၍ဟင်္သာတခရိုင်ပြည်သူ့ ဆေးရုံဝင်း အတွင်းရှိ စက်္ခုပါလာဒိလူနာများ နားနေဆောင်၌ ရုံးခန်း ဖွင့်၍ နေ့စဉ် ကူညီစောင့်ရှောက် မှုပေးနေ ပြီး ယင်းမြို့နယ်သွေးလှူရှင်အသင်း အနေဖြင့် သွေးလိုအပ်သော အရေးပေါ်လူနာများသို့လည်း လိုအပ်သောသွေးအပြင်အောက်စီ ဂျင်နှင့် စောင့်ရှောက်မှုအကူအညီ များပါ ပေးအပ်ကူညီဖြည့်ဆည်း လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

“အရင်က ရုံးခန်းရယ်လို့ သီးခြားမရှိတော့ သွေးလိုတဲ့သူရှိ ရင်အလှူရှင်ကို လိုက်ရှာရာတာ အိမ်လိုက်ခေါ် ရတာ ရှိတော့ အချိန် ကြာခဲ့တယ်။ အဲဒါနဲ့ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးတွေကို တင်ပြပြီး ဆေးရုံ အုပ်ကြီးနဲ့ ညှိနှိုင်းပြီးတော့ဆေးရုံဝင်းထဲမှာ ရုံးခန်းဖွင့်ခွင့်စရ ပါတယ်။

လူနာတွေအတွက်လဲ သောကများ တာတွေသက်သာ သွားစေတာပေါ့။သွေးရှာရတာ လည်း မြန် သွားတယ်။ ဇလွန်ကား တိုက်မှုက လူနာ (၆) ယောက်ဟင်္သာတဆေးရုံကို ရောက်တော့ သွေးလိုအပ်နေတဲ့ အရေးပေါ်လူ နာတွေပါနေတော့ သွေး (၁၅) ပုလင်းရှာဖွေလှူနိုင်ခဲ့တယ်။
အဲဒီ လူနာတွေကို သင်္ဃန်းကျွန်းဆေး ရုံကို သယ်တဲ့အထိ လိုအပ်တဲ့အောက်စီဂျင်ကအစလူနာသယ် တာ၊ စောင့်ရှောက်ပေးတာတွေ ကို အပြီးသတ်ကူညီနိုင်ခဲ့ပါတယ်။ လိုအပ်ချက်အနေနဲ့ ကတော့ ဆေးရုံ အတွက် သီးခြားမဟုတ်ဘဲ မြို့နယ်က အရေးပေါ်လူနာတွေ အတွက် ရတဲ့ ကားနဲ့ သယ်ဆောင် ရတော့ လူနာအတွက်လည်းမသက် သာပါဘူး။ အဆင်မပြေကြဘူး လေ။ စေတနာထက်သန်တဲ့ အလှူရှင် များ အနေနဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန် အမွန် မြတ်ဆုံးပါ”ဟု ဟင်္သာတမြို့နယ် သွေး လှူရှင်အသင်း ဥက္ကဋ္ဌဦးမင်းဉာဏ်ကပြောကြားခဲ့သည်။

“အသင်းအနေနဲ့ လက်ရှိမှာ သွေးအုပ်စုမျိုးစုံပါတဲ့ အသင်းဝင် (၇၈၀) ဦးရှိနေပါပြီ။ မြို့နယ်အသင်း စတင်ချိန်က လက်ရှိအထိ အရေးပေါ်သွေးလိုအပ်တဲ့ လူနာတွေ အတွက် သွေးပုလင်း (၇၄၀၀) ကျော် ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။ ဇလွန်ကယာဉ်တိုက်မှုဆိုရင် ဟင်္သာတဆေးရုံလွှဲတော့ကလေး တစ်ယောက်ပါလာလို့ဥက္ကဋ္ဌကိုယ်တိုင်ချီပိုးစောင့်ရှောက်ပေးခဲ့တာ။ သွေးရောအားလုံးပဲကူညီပေးခဲ့ တယ်။
သူတို့မှာ အရေးပေါ်ဖြစ်တော့ အစောင့်မပါလာဘူးလေ။ အားလုံးကို ရန်ကုန်လွှဲတဲ့အထိ ကူညီပေးခဲ့ ပါတယ်”ဟု အဆိုပါ အသင်း၏ ဒုဥက္ကဋ္ဌဦးအောင်နိုင် ကျော်ကရှင်းပြသည်။

ယင်းအသင်းအနေဖြင့် အရေးပေါ်လူနာများအတွက် လိုအပ်သောသွေးပုလင်းများကို အချိန်မီအမြန်ဆုံး ရရှိစေနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး သွေးသွင်းကုသရန်လိုအပ်သော လူနာများအတွက်
သွေးစစ်ဆေးခ ကုန်ကျစရိတ် (၄၀၀၀ ကျပ်)ကျသင့် နေရာဆင်းရဲနွမ်းပါးသော လူနာ များအတွက် ကုန်ကျစရိတ်ငွေအားထောက်ပံ့လှူဒါန်းနိုင်ရန် ပြည်ခိုင် ဖြိုးပါတီဒုဥက္ကဋ္ဌဦးဌေးဦးနှင့် အလှူရှင်များက အလှူငွေ (၃၂) သိန်းကျပ်ကို မတည်လှူဒါန်းပေး ခဲ့ကြောင်း၊ သွေးအတွက်လိုအပ်မှု များနှင့် အရေးပေါ် လူနာ များ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် ရန်အားထုတ်ဆောင်ရွက်လျက်ရှိရာ အကူအညီလိုအပ်သူများနှင့် အလှူရှင်များအနေဖြင့် အဆိုပါအသင်းသို့ဆက်သွယ်တောင်းခံနိုင် ပါကြောင်း လည်း အသင်းတာဝန် ရှိသူတို့ထံက သိရပါသည်။

Hot News

No comments:

Post a Comment