Monday 3 December 2012

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် တည်ဆောက်မှု လာမည့်နှစ်တွင် ဆောင်ရွက်မည်


Photo: ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် တည်ဆောက်မှု လာမည့်နှစ်တွင် ဆောင်ရွက်မည်
Monday, 03 December 2012

ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် တည်ဆောက်မှုကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းကို အဆင့် မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပုလဲမြေ ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ဆိပ်ကမ်း ဧရိယာ အတွင်း ခေတ်မီ အဆောက် အအုံများ၊ အပန်းဖြေ စခန်းများ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ ဟိုတယ်နှင့် ဈေးဝယ် စင်တာများ တည်ဆောက်
မည် ဖြစ်ရာ ရေပေါ်ဟိုတယ် ဇုန်တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိက အခန်း ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ရန် အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဗိုလ်တထောင် ဆိပ်ကမ်းအတွက် တင်ဒါ ခေါ်ယူမှုကို
အောက်တိုဘာလ အတွင်း ခေါ်ယူခဲ့ရာ ပုလဲမြေ ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ နှစ်စဉ် မြေငှား ရမ်းခ နှုန်း ငွေကျပ် သိန်းတစ်ထောင်ဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် တည်ဆောက်မှုကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရ သည်။အဆိုပါ ဆိပ်ကမ်းကို အဆင့် မြှင့်တင်မှု လုပ်ငန်းများ ဆောင် ရွက် ရန် အတွက် ပုလဲမြေ ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ဆိပ်ကမ်း ဧရိယာ အတွင်း ခေတ်မီ အဆောက် အအုံများ၊ အပန်းဖြေ စခန်းများ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ ဟိုတယ်နှင့် ဈေးဝယ် စင်တာ များ တည်ဆောက်မည် ဖြစ် ရာ ရေပေါ် ဟိုတယ် ဇုန်တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိက အခန်း ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ရန် အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဗိုလ်တထောင် ဆိပ်ကမ်းအတွက် တင်ဒါ ခေါ်ယူမှုကိုအောက်တိုဘာလ အတွင်း ခေါ်ယူခဲ့ရာ ပုလဲမြေ ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်သို့ နှစ်စဉ် မြေငှား ရမ်းခ နှုန်း ငွေကျပ် သိန်းတစ်ထောင်ဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment