Monday, 3 December 2012

အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိနတ်မောက် မြို့နှင့် တောင် တွင်းကြီး၊ မြို့သစ်၊ မကွေး၊ ရေနံချောင်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အမျိုးသားနေ့ အခမ်းအနားသို့ သွားရောက် မည်ဖြစ်ပြီး နေပြည်တော်မှ တစ် ဆင့် တောင် ညို၊ ချောင်း နက်၊ တောင် တွင်းကြီး လမ်းမှ အဆိုပါမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အဆိုပါမြို့နယ် များတွင် ပြည်သူလူထုနှင့် တွေ့ဆုံဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''အန်တီစုက တောင်တွင်းကြီး မြို့သစ်လမ်းကနေ နတ်မောက်ကို သွားမှာပါ။ အဲဒီနေ့ ညနေပိုင်း မကွေးကိုကူးလာပြီး ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါမယ်။ မကွေးမှာ တစ်ည အိပ်ပြီး နောက်နေ့မှာ ရေနံချောင်း၊ ကျောက်ပန်းတောင်းမြို့တွေကတစ်ဆင့် ပုဂံညောင်ဦးကို သွားရောက် မှာပါ'' ဟု မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။
ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် မကွေး တိုင်းဒေသကြီးသို့ ပထမဆုံးသွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေးတိုင်းဒေသကြီးသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေး အခြေအနေကြောင့် မသွားရောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment