Monday 3 December 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ 
ချစ်ကြည်ရေးခရီး ထွက်ခွာ 
Monday, 03 December 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီဟာဆာနယ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်
နိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ နံနက် ၉ နာရီတွင်
နေပြည်တော်မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးသိန်းညွှန့်၊ ဦးသိန်းထွန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးကျော်လွင်နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Syamin Nabilah Daud တို့ကနေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု
ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာဝင်းမြင့်၊ ဦးဆက်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီဟာ ဆာနယ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒိုလာ၏ ဖိတ်ကြား ချက်အရ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ နံနက် ၉ နာရီတွင်နေပြည်တော်မှ မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေး
ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးသိန်းညွှန့်၊ ဦးသိန်းထွန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးကျော်လွင်နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Syamin Nabilah Daud တို့ ကနေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဆက်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်

No comments:

Post a Comment