Monday 3 December 2012

3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး ဆောင်ရွက် ပြည်သူ အများစု ဝယ်ယူ သုံးစွဲနိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည်


Photo: 3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး ဆောင်ရွက် ပြည်သူ အများစု ဝယ်ယူ သုံးစွဲနိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည်
Monday, 03 December 2012

ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ရတနာပုံ တယ်လီပို့ အစည်း အဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပသည့် 3G နှင့် 4G (LTE) မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း တက် ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက 3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင် ရေးကို မိုဘိုင်းလ် တယ်လီဖုန်း အသုံးပြုမှု များပြားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီး များ ၌ ဆောင်ရွက် သွားမည် ဖြစ်သဖြင့် ဝယ်လိုအား တိုးတက် လာပါက
ရောင်းလိုအား ဘက်က အချိန်မီ အင် အား ဖြည့်တင်းကာ စဉ်ဆက် မပြတ် ရောင်းချ နိုင်ရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ပြည်သူ အများစု ဝယ်ယူ သုံးစွဲ နိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်ရာ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူ အသုံးပြု နိုင်ရေး အတွက် ရောင်းချမည့် အစီ အစဉ်များ ကြေညာခြင်း၊ ရောင်းချမည့် အဖွဲ့ အစည်းများ ဖွဲ့စည်းခြင်း၊
ရောင်းချ မည့် နေရာ လုံလောက်အောင် စီစဉ်ခြင်း စသည် တို့ကို အသေးစိတ် စီမံကြရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု သို့ ရောင်းချခြင်း မပြုမီ 3G မိုဘိုင်းလ် တယ်လီဖုန်း များအား လိုအပ်သည့် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှု များကို စနစ် တကျ ဆောင်ရွက် ထားရန်၊ မိုဘိုင်းလ် တယ်လီဖုန်းများ အသုံးပြု ပြီးနောက် ဖြစ်ပေါ်လာ နိုင်မည့် အဆင်မပြေ မှုများ အတွက်လည်း Customer Care Centre များ ဖွင့်လှစ်ကာ ကြိုတင်စီမံ ထားကြရန် ဆွေးနွေး မှာကြား ခဲ့သည်။

3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား တိုင်းဒေသ ကြီးနှင့် ပြည်နယ် မြို့ကြီး များတွင် ဦးစွာ 3G မိုဘိုင်းလ် တယ်လီဖုန်း လိုင်း(၁ ဒသမ ၂၆) သန်း တိုးချဲ့ တပ်ဆင် သွားမည် ဖြစ် သည်။ 

ထို့အပြင် မြန်မာ နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင် အာရှ အားက စား ပွဲတော်တွင် အသံနှင့် သတင်း အချက် အလက်များကို ပိုမို အဆင်ပြေစွာ အသုံးပြု သွားနိုင်ရန် အတွက် 4G (LTE) မိုဘိုင်းလ် ကွန်ရက်များ ကိုလည်း အချိုးကျ ထည့်သွင်း တပ်ဆင် နိုင်ရေး စီစဉ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိ ရသည်။


မြ၀တီ ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ရတနာပုံ တယ်လီပို့ အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပသည့် 3G နှင့် 4G (LTE) မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ် ဆင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း တက် ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက 3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင် ရေးကို မိုဘိုင်းလ် တယ်လီဖုန်း အသုံးပြုမှု များပြားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီး များ ၌ ဆောင်ရွက် သွားမည် ဖြစ်သဖြင့် ဝယ်လိုအား တိုးတက် လာပါက
ရောင်းလိုအား ဘက်က အချိန်မီ အင် အား ဖြည့်တင်းကာ စဉ်ဆက် မပြတ် ရောင်းချ နိုင်ရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ပြည်သူ အများစု ဝယ်ယူ သုံးစွဲ နိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်ရာ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူ အသုံးပြု နိုင်ရေး အတွက် ရောင်းချမည့် အစီ အစဉ်များ ကြေညာခြင်း၊ ရောင်းချမည့် အဖွဲ့ အစည်းများ ဖွဲ့စည်းခြင်း၊
ရောင်းချ မည့် နေရာ လုံလောက်အောင် စီစဉ်ခြင်း စသည် တို့ကို အသေးစိတ် စီမံကြရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု သို့ ရောင်းချခြင်း မပြုမီ 3G မိုဘိုင်းလ် တယ်လီဖုန်း များအား လိုအပ်သည့် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှု များကို စနစ် တကျ ဆောင်ရွက် ထားရန်၊ မိုဘိုင်းလ် တယ်လီဖုန်းများ အသုံးပြု ပြီးနောက် ဖြစ်ပေါ်လာ နိုင်မည့် အဆင်မပြေ မှုများ အတွက်လည်း Customer Care Centre များ ဖွင့်လှစ်ကာ ကြိုတင်စီမံ ထားကြရန် ဆွေးနွေး မှာကြား ခဲ့သည်။

3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား တိုင်းဒေသ ကြီးနှင့် ပြည်နယ် မြို့ကြီး များတွင် ဦးစွာ 3G မိုဘိုင်းလ် တယ်လီဖုန်း လိုင်း(၁ ဒသမ ၂၆) သန်း တိုးချဲ့ တပ်ဆင် သွားမည် ဖြစ် သည်။

ထို့အပြင် မြန်မာ နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင် အာရှ အားက စား ပွဲတော်တွင် အသံနှင့် သတင်း အချက် အလက်များကို ပိုမို အဆင်ပြေစွာ အသုံးပြု သွားနိုင်ရန် အတွက် 4G (LTE) မိုဘိုင်းလ် ကွန်ရက်များ ကိုလည်း အချိုးကျ ထည့်သွင်း တပ်ဆင် နိုင်ရေး စီစဉ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိ ရသည်။


မြ၀တီ

No comments:

Post a Comment