
''ဒေသခံတွေရဲ့ အိုးအိမ်နဲ့ မြေယာလုပ်ငန်းခွင်တွေအတွက် အရင်လုပ်ခဲ့တဲ့ စီမံကိန်းနှစ်ခု ကုန်ကျငွေ ထက်ပိုတဲ့ လျော်ကြေးတွေကို အသေးစိတ်တွက်ချက်ပြီး ဒေသခံတွေ ကျေနပ်နိုင်တဲ့ ပမာဏ ထက် ပေးလျော်ခဲ့ပါတယ်'' ဟု ဦးခွန်နော်ခမ်းက ဆိုပါသည်။
ဇောတိက စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၂၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ ပီတီတီအီးပီအိုင်ကုမ္ပဏီမှ ၈၀ ရာခိုင်နှုန်း ရယူလုပ်ကိုင်နေပြီး မြန်မာအစိုးရသည် အဆိုပါ စီမံကိန်း ရရှိအချိုး ၂၀ ရာခိုင်နှုန်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ပေးဆောင်ရမည်ဖြစ်ကာ အခြားသော ရပိုင်ခွင့်များကိုပါ စုပေါင်းတွက်ချက်မည် ဆိုပါက အဆိုပါစီမံကိန်းအပေါ် ရရှိမည့်အချိုးမှာ ၄၀၊ ၆၀ အချိုး ၀န်းကျင်အထိ မြင့်တက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောပါသည်။
ဇောတိကစီမံကိန်းအတွက် မြန်မာနိုင်ငံဘက်မှ သွယ်တန်းမှုမှာ လက်ရှိကာလအထိ ၅၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ သွယ်တန်းနေသည့် ပိုက်လိုင်းနှင့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ချိတ်ဆက်မည်ဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မော်ကြီးမှ တစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ သွယ်တန်းသွားမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၂၄၀ ခန့် ပို့လွှတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှလည်းဒေသတွင်း သုံးစွဲရန် နေ့စဉ် ကုဗပေသန်းပေါင်း ၆၀ ခန့် ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment