Sunday 2 December 2012

ဂျပန်၊ တရုတ်၊ ဟောင်ကောင် နှင့် ကိုရီးယားနိုင်ငံများမှ ကုန်ထုတ်လုပ်မှု လုပ်ငန်း ၁၀ ခုကို ထပ်မံမြှုပ်နှံ ဂျပန်နိုင်ငံမှ ပမာဏအများဆုံးမြှုပ်နှံထားပြီး အလုပ်အကိုင်အခွင့်အလမ်းများသည့် စက်ရုံလုပ်ငန်းများတွင် မြှုပ်နှံ ထားခြင်းဖြစ်


Photo: ဂျပန်၊ တရုတ်၊ ဟောင်ကောင် နှင့် ကိုရီးယားနိုင်ငံများမှ ကုန်ထုတ်လုပ်မှု
လုပ်ငန်း ၁၀ ခုကို ထပ်မံမြှုပ်နှံ ဂျပန်နိုင်ငံမှ ပမာဏအများဆုံးမြှုပ်နှံထားပြီး အလုပ်အကိုင်အခွင့်အလမ်းများသည့် စက်ရုံလုပ်ငန်းများတွင် မြှုပ်နှံ
ထားခြင်းဖြစ်
Sunday, December 02, 2012

ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံများမှ မြန်မာနိုင်ငံတွင် ထပ်မံမြှုပ်နှံမှု ပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဂျပန်နိုင်ငံမှ လုပ်ငန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ရှစ်သန်းနီးပါး
မြှုပ်နှံပြီး ကိုရီးယားနိုင်ငံမှ လုပ်ငန်းခြောက်ခုအတွက် အမေရိကန်ဒေါ်လာ
လေးသန်းနီးပါး မြှုပ်နှံထားကြောင်း၊ ဟောင်ကောင်မှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ တစ်သန်းဝန်းကျင်နှင့် တရုတ်မှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၆၉ သန်း ထပ်မံမြှုပ်နှံခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဒေါ်လာ 
၄၁ ဒသမ ၁၁ ဘီလျံကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုမြှုပ်နှံလာကြောင်း သိရသည်။

နိုင်ငံသားများအနေဖြင့်မူ သယ်ယူပို့ဆောင်ရေး၊ ရေအားလျှပ်စစ်၊ အရက်၊ ဘီယာ၊ စီးကရက်၊ အချိုရည်၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားဝန်ဆောင်မှု၊
နိုင်ငံပိုင်စက်ရုံများအား မြေငှားရမ်းခသက်သာသော နှုန်းထားများဖြင့် နှစ်ရှည်ငှားရမ်းကာ လုပ်ကိုင်ခြင်းများကိုသာ အများဆုံး ပြုလုပ်လျှက်ရှိသည်။

နိုင်ငံသား၊ နိုင်ငံခြားသားမြှုပ်နှံသူများ အားလုံးသည် ယခုအချိန်အထိ
နိုင်ငံအတွက် အရေးပါသော စိုက်ပျိုးရေးကဏ္ဍတွင် မြှုပ်နှံခြင်းအား လုံးဝစိတ်ဝင်စားမှုမရှိဘဲ အမြတ်အစွန်းများပြားသည့် လုပ်ငန်းများတွင်
သာ မြှုပ်နှံလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်မှု အများဆုံးပြုလုပ်ထားသည့် ထိပ်ဆုံးနိုင်ငံများ (အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံ  ပမာဏ
တရုတ်  ၁၄၁၄၆ .၅၂၉
ဟောင်ကောင်  ၆၃၇၂ .၂၄၉
ကိုရီးယား  ၂၉၆၉ .၀၇၄
ဂျပန်  ၂၂၅ .၄၅၇

မှတ်ချက်။    ။၃၁-၁၀-၂၀၁၂ ရက်ထိ

အများဆုံးမြှုပ်နှံထားသည့် ထိပ်ဆုံးကဏ္ဍများ၊ ၃၁-၁၀-၂၀၁၂ ထိ (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား  လုပ်ငန်း  ပမာဏ
၁။ လျှပ်စစ်စွမ်းအား  ၅  ၁၉၀၆၇ .၄၉၈
၂။ ရေနံနှင့်သဘာဝဓာတ်ငွေ့  ၁၁၃  ၁၄၁၈၁ .၉၇၂
၃။ သတ္တုတူးဖော်ရေး  ၆၆  ၂၈၁၄ .၃၆၀
၎။ ကုန်ထုတ်လုပ်မှု  ၁၉၃  ၁၈၄၉ .၂၂၇
၅။ ဟိုတယ်နှင့်ခရီးသွားလာရေး  ၄၅  ၁၀၆၄ .၈၁၁

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလီယံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ   ၃၁ .၉၅၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ   ၃၅ .၅၁၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ   ၃၆ .၀၅၄ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ ရက်ထိ   ၄၀ .၆၉၉ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလထိ   ၄၁ .၁၁၀ ဘီလျံ

Eleven Media Group ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံများမှ မြန်မာနိုင်ငံတွင် ထပ်မံမြှုပ်နှံမှု ပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဂျပန်နိုင်ငံမှ လုပ်ငန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ရှစ်သန်းနီးပါး
မြှုပ်နှံပြီး ကိုရီးယားနိုင်ငံမှ လုပ်ငန်းခြောက်ခုအတွက် အမေရိ ကန်ဒေါ် လာလေး သန်းနီးပါး မြှုပ်နှံ ထားကြောင်း၊ ဟောင်ကောင်မှ လုပ်ငန်း တစ်ခု အတွက် အမေရိကန်ဒေါ်လာ တစ်သန်းဝန်းကျင်နှင့် တရုတ်မှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ တစ်သန်း နီးပါး မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၆၉ သန်း ထပ်မံမြှုပ်နှံခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဒေါ်လာ ၄၁ ဒသမ ၁၁ ဘီလျံကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုမြှုပ်နှံလာကြောင်း သိရသည်။

နိုင်ငံသားများအနေဖြင့်မူ သယ်ယူပို့ဆောင်ရေး၊ ရေအားလျှပ်စစ်၊ အရက်၊ ဘီယာ၊ စီးကရက်၊ အချိုရည်၊ ဆိပ်ကမ်းနှင့်ဆိပ်ခံတံတားဝန်ဆောင်မှု၊ နိုင်ငံပိုင်စက်ရုံများအား မြေငှားရမ်းခသက်သာသော နှုန်းထားများဖြင့် နှစ်ရှည်ငှားရမ်းကာ လုပ်ကိုင်ခြင်းများကိုသာ အများဆုံး ပြုလုပ်လျှက်ရှိသည်။

နိုင်ငံသား၊ နိုင်ငံခြားသားမြှုပ်နှံသူများ အားလုံးသည် ယခုအချိန်အထိနိုင်ငံအတွက် အရေးပါသော စိုက်ပျိုးရေးကဏ္ဍတွင် မြှုပ်နှံခြင်းအား လုံးဝစိတ်ဝင်စားမှုမရှိဘဲ အမြတ်အစွန်းများပြားသည့်လုပ်ငန်းများတွင်
သာ မြှုပ်နှံလျှက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်မှု အများဆုံးပြုလုပ်ထားသည့် ထိပ်ဆုံးနိုင်ငံများ (အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံ ပမာဏ
တရုတ် ၁၄၁၄၆ .၅၂၉
ဟောင်ကောင် ၆၃၇၂ .၂၄၉
ကိုရီးယား ၂၉၆၉ .၀၇၄
ဂျပန် ၂၂၅ .၄၅၇

မှတ်ချက်။ ။၃၁-၁၀-၂၀၁၂ ရက်ထိ

အများဆုံးမြှုပ်နှံထားသည့် ထိပ်ဆုံးကဏ္ဍများ၊ ၃၁-၁၀-၂၀၁၂ ထိ (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား လုပ်ငန်း ပမာဏ
၁။ လျှပ်စစ်စွမ်းအား ၅ ၁၉၀၆၇ .၄၉၈
၂။ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၁၁၃ ၁၄၁၈၁ .၉၇၂
၃။ သတ္တုတူးဖော်ရေး ၆၆ ၂၈၁၄ .၃၆၀
၎။ ကုန်ထုတ်လုပ်မှု ၁၉၃ ၁၈၄၉ .၂၂၇
၅။ ဟိုတယ်နှင့်ခရီးသွားလာရေး ၄၅ ၁၀၆၄ .၈၁၁

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလီယံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ ၃၁ .၉၅၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ ၃၅ .၅၁၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ ၃၆ .၀၅၄ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ ရက်ထိ ၄၀ .၆၉၉ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလထိ ၄၁ .၁၁၀ ဘီလျံ

Eleven Media Group

No comments:

Post a Comment